Tuesday 28 July 2015

ဘဝ အ​ဖော်​ ဆိုတာ

ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး
ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက်အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖောက်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွှတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။

 အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ခံစားချက်ဖြစ်တယ်။
ဒါကြောင့် အမုန်းကို စိတ်ထဲအဝင်မခံပါနဲ့။
ဒီနေ့အထိ လူဦးရေတိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။ 

credit 99 sanay

Monday 27 July 2015

ဆီးပူခြင်းအတွက်​ သဘာဝ ​ဆေးနည်း

ဆီးပူခြင်းအတွက် သဘာဝဆေးနည်း

ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက အောက်ပါ ရိုးရာသဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ကြပါတယ်။

ဆေးပြုလုပ်နည်း
၁။ ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။
၂။ လက်ဖက်ရည်ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည်ဖျော်လိုက်ပါ။
၃။ ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်( ချို၍ သောက်နိုင်ရုံ)ခန့် ရော၍ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။
ဆီးပူ ဆီးအောင့်များ သက်သာပျောက်ကင်းသွားပါမည်။

စောနွဲ့ နေဆိုင်(ကျန်းမာရေးသတင်းများ)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ
Credit to ကျန်းမာရေးသတင်းများ

မူရင်း Link https://www.facebook.com/pages/%E1%80%80%E1%80%BA%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/231741783686751

`` လင်​ကွန်း ´´ ၏ ` မ ´ ဆယ်​လုံး

၁။ ချွေတာစုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။
၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။
၃။ အားကြီးသူကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။
၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကိုဧ။် လစာကို တိုးမြင့်မပေးနိုင်ပါ ။
၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။

၆။ ၀င်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ ။
၇။ ချေးငှားထားသော ငွေဖြင့်လုံခြုံမှု မရရှိနိုင်ပါ ။
၉။ လူသားဧ။် လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ကို ဖယ်ရှားခြင်းဖြင့် သတ္တိနှင့် ကိုယ်ကျင့် စာရိတ္တကို
မတည်ဆောက်နိုင်ပါ ။
၉။ လူတို.အနေဖြင့် သူတို.ကိုယ်တိုင်လုပ်နိုင်သော ကိစ္စ၊ သူတို.အတွက် သူတို.ကိုယ်တိုင် လုပ်သင့်သော ကိစ္စများကို
လုပ်ပေးနေခြင်းအားဖြင့် သင်သည် လူများအား ထာဝရ မကူညီနိုင်ပါ ။
၁၀။ လူတန်းစားမုန်းတီးမှု အုံကြွအောင်လုပ်ခြင်းဖြင့် ညီရင်းအစ်ကို စိတ်ဓါတ်မျိုး တိုးတက်မလာနိုင်ပါ ။

        *******

က​လေးများအား စာဖတ်​ခြင်း စိတ်​ဝင်​စား​စေရန်

မိဘများအနေနဲ့ မိမိသားငယ်သမီးငယ်လေးတွေကို စာဖတ်ပြခြင်းထက် ပိုကောင်းတဲ့လက်ဆောင်ဆိုတာ ခပ်ရှားရှားပါ။ တစ်သက်တာအကျိုးပြုမည့် စာဖတ်ခြင်းအလေ့အကျင့်ကို ငယ်စဉ်ကတည်းက စတင် ပျိုးထောင် ပေးရာတွင် အထောက်အကူဖြစ်မည့်နည်းလမ်းများကို ဖော်ပြအပ်ပေသည်။

၁။ မွေးကင်းစအရွယ်မှ စတင်၍ စာဖတ်ပြခြင်း စကားပြောပေးခြင်းတို့ကို ပြုလုပ်ပေးပါ။
စာဖတ်ပြရန် ငယ်လွန်းသေးသည့်အရွယ်ဟူ၍မရှိပေ။ ငယ်စဉ်တွင် ကလေးများကို စကားပြောပေးခြင်း၊ စာဖတ်ပြပေးခြင်းဖြင့် ၄င်းတို့၏ စာဖတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါသည်။ မကြာခဏ ကြားရဖန်များ လာသောအခါ ကလေးငယ်တို့သည် အသံများ၊ စကားလုံးများနှင့် ရင်းနှီးလာပြီး စာဖတ်တတ်ချိန်တွင် အလွန်အကျိုးဖြစ်ထွန်းစေပါသည်။

၂။ စာဖတ်ပြနေစဉ် ကလေးကို ပေါင်ပေါ်တင်ထားပေးပါ။
ကလေးငယ်သည် စာဖတ်ပြနေစဉ်အတွင်း ပျော်ပျော်ရွှင်ရွှင် အယုယ ခံနေရသောအခါ စာဖတ်ခြင်း အပေါ်အကောင်းနှင့်ယှဉ်ကာ မြင်လာပါလိမ့်မည်။

၃။ စာအုပ်ကို ကလေးကို ကိုင်ခွင့်ပေးပါ။
ကလေးငယ်တို့သည် စာအုပ်ကို ကိုယ်တိုင် ကိုင်ကြည့်ချင်တတ်ကြပါသည်။ စာအုပ်အကြောင်းကို ပိုသိစေ ရန် စာအုပ်ကို ကိုင်ထားပါစေ။ မာမာတောင့်တောင့် စာအုပ်များကိုတော့ ရွေးချယ်ထားပါ။ ထို့အပြင် ကလေးတို့ သဘောတွေ့စေမှာ သေချာသည့် ရုပ်ကြွစာအုပ်များ၊ ပွတ်သပ်ကိုင်တွယ်ကြည့်နိုင်သော အဆင် အသွေးပါသည့် စာအုပ်များကိုလဲ ရွေးချယ်ပေးပါ။

၎။ ကာရန်ပါသော စာအုပ်များကို ရွေးချယ်ပါ။
ကာရန်သည် ဘာသာစကား၏ တည်ဆောက်ပုံနှင့် နဘေကို နားလည်စေရန် အထောက်အကူပေးပါသည်။ ကလေးငယ်၏ အကြားအာရုံအတွက်လဲ ဆွဲဆောင်မှုရှိစေသည်။ လေ့လာမှုများအရ ကာရန်နဘေ သည် မှတ်မိလွယ်စေသည်ဟု သိရသည်။ ထို့ကြောင့်လည်း ကလေးတို့သည် စာမဖတ်တတ်ခင်မှာပင် အချို့ စာအုပ်များကို အလွတ်ရနေခြင်းဖြစ်နိုင်သည်။

၅။ ချဲ့ထွင်ပြောဆိုပေးပါ။
ကလေးငယ်က စကားပြောဖို့ ကြိုးစားလာပါက သူ့စကားအတိုင်း လိုက်ပြောပေးပါ။ ဥပမာ လကိုလက် ညှိုးထိုးကာ “လ” ဟုပြောပါက “ဟုတ်တာပေါ့… အဲ့ဒါ လ လေ” ဟူ၍လည်းကောင်း၊ “ကြောင်” ဟုပြောပါက လည်း “ဟုတ်တာပေါ့ လိမ္မော်ရောင်ကြောင်လေးနော်” ဟူ၍လည်းကောင်း ၄င်းတို့ကို ဝေါဟာရအသစ်များ သင်ပေးပါ။

၆။ စံပြဖြစ်အောင်နေပါ။
စာအုပ်ကောင်းများကို ကြိုက်တတ်ခြင်းသည် ကူးစက်တတ်သော ရောဂါဖြစ်သည်။ မိဘများက စိတ်ဝင် တစား စာဖတ်နေသည်ကို တွေ့ရဖန်များပါက ကလေးငယ်တွင်လည်း စာဖတ်လိုစိတ် အလိုလိုဖြစ်လာမည် ဖြစ်သည်။

၇။ စာအုပ်များကို လက်လှမ်းမှီရာတွင်ထားပါ။
စာအုပ်များကို ကလေးများ အလွယ်တကူယူနိုင်သော နေရာတွင် ထားပါ။ သူတို့ဘာ သူတို့ စာအုပ်များနှင့် ကစားပါစေ။ ဖတ်ရန်စာအုပ်ကိုလဲ သူကိုယ်တိုင် ရွေးပါလိမ့်မည်။ စာတစ်အုပ်ထဲကို အကြိမ်ကြိမ် ဖတ်ပြနေ ရ၍ သင်စိတ်ကုန်ကောင်းကုန်ပါလိမ့်မည်။ သို့သော်လည်း ထိုသို့ အထပ်ထပ်အခါခါ ဖတ်ပြခြင်းဖြင့် သင့် ကလေး၏ သင်ယူနိုင်မှုကို အလွန်အထောက်အကူပေးနိုင်မည် ဖြစ်သည်။

၈။ ပျော်ရပါစေ။
စာဖတ်ခြင်းကို မဖြစ်မနေလုပ်ရမည့် အလုပ်တစ်ခုဟု သင့်ကလေးမမြင်စေသင့်ပါ။ ကလေးများနှင့်ေ ပျာ်ပျော်ပါးပါး ရောက်တတ်ရာရာသီချင်းများဆိုလိုက် စာလုံးဂိမ်းများ ကစားလိုက် လုပ်ပေးခြင်းဖြင့် အကျိုး ရှိသော ပျော်စရာအချိန်များကို ဖန်တီးယူပါ။

Saturday 25 July 2015

ငါ

ငါ  ငါ့ကိုငါ ပြန်ကြည့်မိတော့ ငါ့ဘဝဟာ
ငါမဟုတ်ဘူး

ငါ့ကြမ္မာဟာ ငါမဟုတ်ဘူး

ငါ့အနာဂါတ်ဟာ ငါမဟုတ်ဘူး

ဒါကတော့ သေချာတယ်။

ဖြစ်ခြင်း၊ပျက်ခြင်း သဘောတွေကြားမှာ

ငါ့ကိုယ် ငါတောင် “ ငါဘာကောင်လဲ ” ဆိုတာ ငါမသိခဲ့ဘူး။

ငါ ကပြခွင့်ရခဲ့တဲ့ ပြဇာတ်တစ်ခုမှာတော့ မင်းသားလဲဖြစ်ခဲ့ရတယ်

လူရွှင်တော်လဲဖြစ်ခဲ့ရတယ် လူကြမ်းလဲဖြစ်ခဲ့ဖူးတယ်

သူ​တောင်းစားလဲ ဖြစ်​ခဲ့ဖူးတယ်

ဖြတ်လျှောက်ခန်းလဲ ပါဝင်ခဲ့ဖူးပါတယ်။

ဘဝ မွဲမွဲ လူဆင်းရဲ လည်းဖြစ်​တယ်

တကယ်ဆိုရင် ငါ့ကိုယ်ငါ သရုပ်ဆောင်ကောင်းတစ်ယောက်လို့ သတ်မှတ်ရပေမပေါ့။

ဒါပေမဲ့…..ဒီလိုလဲ မဟုတ်ပြန်ဘူး ပရိသတ်တွေရှေ့ ငိုပြလိုက်၊ရီပြလိုက် ပြုံးပြလိုက်၊မဲ့ပြလိုက် ကြမ်းပြလိုက်၊ရမ်းပြလိုက် သဘာဝကျကျ သရုပ်ဆောင်နေပေမဲ့ ယထာဘူတ မကျတဲ့ နောက်ကွယ်က ငါ့ဘဝတွေကို ဖတ်နိုင်တဲ့သူ နည်းလွန်းပါတယ်။

ဒီတော့ ငါဘာလဲပြောကြည့်စမ်းမယ်။

ငါက….ဇာတ်လိုက်လား ငါက….လူရွှင်တော်လား ငါက….လူကြမ်းလား ငါက….ဇာတ်ပို့လား ……………… ……………… ဘယ်အချိန်ကစပြီး ငါနဲ့ငါ ပဋိပက္ခဖြစ်

ငါ့ကိုယ်ငါ ဆန့်ကျင်နေခဲ့ပါလိမ့်။ 

            *******

Monday 20 July 2015

ရှင်​မဟာရဌသာရ ၏ဆုံးမ ကဗျာ

ငါသာ ငါ့ထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ၊ ဤအရာကို
ကညာရှိက၊ သတိရလိမ့်
လကိုနှုန်းထွေ၊ နေကိုနှုန်းသင့်
မြေနှင့်ပမာ၊ ကျင့်အပ်စွာ၏။
ရှင်မဟာသီလ၀ံသ
ငါနှင့်ငါသာ၊နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း
နှောင်းပြီးတခါ၊ ရိုသေစွာလျှင်
ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်
စိတ်ကျန်းမာန်လျှော့၊ ကျွန်ကန်တော့၏။

ရှင်မဟာရဌသာရ

ငါစွဲ

ငါသိငါတတ်၊ ငါသာမြတ်သည်
ငါ့အိုးငါ့အိမ်၊ ငါ့စည်းစိမ်နှင့်
ငါ့သားမယား၊ငါ့စီးပွားကို
ငါသာပိုင်သည်၊ ငါဆိုင်သည်ဟု
စိတ်တွင်ထင်စွဲ၊ ငါစွဲစွဲကာ
ဆင်ခြင်တုံတရား၊ မပွားများဘဲ
ကာမဂုဏ်တော၊ ရေစုံမျော၍
သတိတရား၊ မထားမိက
သံသရာစက်ကွင်း၊ ဒုက္ခတွင်းတွင်
စုန်ဆန်မျောပါ၊ ရှည်ကြာမည်တည်း။

     ******

နေရာမှန်

အိုဘယ့်လူသား၊ ခရီးသွား…
ရှည်လျားလှစွာ၊ သံသရာမှာ
ခဏတာရ၊ လူ့ဘ၀ကို
လောကီရေးရာ၊ အဖြာဖြာတွင်
ဗုဒ္ဓဟောကြား၊ မြတ်တရားနှင့်
သတိမမူ၊ ဥာဏ်မကူဘဲ
စိတ်အလိုလိုက်၊ လမ်းမှားလိုက်က
သံသရာခရီး၊ ရေပြင်ကြီးတွင်
စုန်ဆန်မျောပါ၊ ကူးခတ်ကာဖြင့်
အသင်လူသား၊ ခရီးသွားသည်
မီးစာကုန်ခမ်း၊ ခရီးပန်းကာ
ပန်းတိုင်မရောက်၊ လမ်းစပျောက်၍
နေရာမှန်ကန်၊ မြတ်နိဗ္ဗာန်ကို
ဆုံးရှုံးလက်လွတ်၊ နိဂုံးချုပ်ရမည်တည်း။
ထွန်းမြတ်တေဇ (မြန်အောင်)

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်)

Saturday 18 July 2015

Zarni Htay for ​မွေး​နေ့လက်​​ဆောင်

ဇာ   ဓိရုပ်​နာမ်​  စိတ်ရင်းမှန်နှင့် ရိုးသားတဲ့ အမျိုးသမီ​ကောင်း​မြေပြင်ပေါ်သို့ဆင်းသက်တဲ့ရက်

နီ   ရဲရဲ ​သွေးစက်​လို ​လောကကို တိုးတက်အောင် ပညာ​တွေ ဖြန့်​​ဝေမယ့်သူ ရောက်ရှိသည့်နေ့

ထွေး    ဖက်​ထားတဲ့ ဘာသာတရား ယုံကြည်​ကိုးကွယ်​သူ ​မွေးဖွားလာသည့်​​နေ့

မွေး ဖွားစကတည်းက လောကဒဏ်ကို အံတု ပန်းဝင်သည်မြင့်​မြတ်​​သော ခြေလှမ်းစသည့်နေ့

နေ့ သစ်များစွာအတွက် ပညာ နဲ့ ဘ၀ပန်းချီကားလှလှခြယ်သရန်ရောက်လာသည့်နေ့

လက် တစ်စုံမှာ ချစ်ခြင်းမေတ္တာတွေပဲမို့ ပြု​ဆောင်တဲ့အရာမှန်သမျှ ဖြူစင်ခြင်းတွေဖြစ်တဲ့နေ့

ဆောင် ယူလာတာ ကောင်းခြင်းတွေမို့ အနာဂါတ်ရဲ့ သူရဲကောင်းသမီးပျိုရဲ့ မွေးနေ့မင်္ဂလာရက် မှာ

စိတ်​ချမ်းသာ ကိုယ်​ကျမ်းမာ၍ ​ပျော်​ရွှင်​မှု အ​ပေါင်း

ခ​စေ​ညောင်း   ။

               ******* 

Monday 13 July 2015

I would prefer even to fail with honor than to win by cheating.

 Sophocles (496 BC-406 BC)

 ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။

 (ဆိုဖကော်လ်စ်)
         *******

To know what you prefer, instead of humbly saying Amen to what the world

 tells you . you ought to prefer, is to have kept your soul alive.

 Robert Louis Stevenson (1850-1894)

 သူများက ကြိုက်သင့်တယ်ပြောလို့ လိုက်ပြီးကြိုက်လိုက်ရတာမျိုး မဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင်

 ဘာကြိုက်တယ်ဆိုတာကို သိခြင်းဟာ ကိုယ့်စိတ်ကို ရှင်သန်တက်ကြွလာအောင် လုပ်ပေးခြင်းပဲ။

 (ရောဘတ်လူးဝစ်စတီဗင်ဆန်)
        
           ********

Every man has his follies - and often they are the most interesting thing

 he has got.

 (Josh Billings)

 လူတိုင်းမှာ မိုက်မဲမှုလေးတွေ ကိုယ်စီရှိကြပါတယ်၊

 အဲဒီမိုက်မဲမှုလေးတွေဟာ သူတို့ပိုင်ဆိုင်တဲ့အရာတွေထဲမှာ

 စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။

 (ဂျိုရှ် ဘင်လင်းစ်)

            ******

Reading makes a full man;

 conference a ready man;

 and writing an exact man.

 (Francis Bacon (1561-1626)

 စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူ ဖြစ်ရသည်၊

 ဆွေးနွေးခြင်းကြောင့် အဆင်သင့် ဆောင်ရွက်နိုင်သူ ဖြစ်ရသည်၊

 စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူ ဖြစ်ရသည်။

 (ဖရန့်စစ် ဘေကွန်)
         *******

It is a farce to call any being virtuous whose virtues do not

 result from the exercise of its own reason.

 Mary Shelley (1797-1851)

 ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို

 ကိုယ်ကျင့်တရား ကောင်းတယ်လို့ ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။

 (မေရီ ရှဲလီ)
        **********

A man's mind is wont to tell him more than seven watchmen sitting in a tower.

 Rudyard Kipling (1865-1936)

 လူတစ်ယောက်ရဲ့စိတ်ဟာ ကင်းတဲပေါ်က ကင်းစောင့်(၇)ယောက်ထက် ပိုပြီး ကိုယ့်ကိုယ်ကို

 သတိပေးလေ့ရှိတယ်။

 (ရ(ဒ်) ယာ့ဒ် ကစ်ပ်လင်)
                 ***********

Fashion is a form of ugliness so intolerable that we have to

 alter it every six months.

 (Oscar Wilde )

 ဖက်ရှင်ဆိုတာ ခြောက်လတစ်ကြိမ်ပြောင်းလဲနေရလောက်အောင်ကို

 သည်းမခံနိုင်စရာကောင်းတဲ့ အကျီးတန်ပုံစံတစ်မျိုးပဲ။

 (အော်စကာဝိုင်း)
             *********

I told the doctor I broke my leg in two places. He told me to

 quit going to those places.

 (Henny Youngman)

 ကျနော့်ခြေထောက်နှစ်နေရာမှာ ကျိုးသွားကြောင်း ဆရာဝန်ကို ကျနော်ပြောပြ

 လိုက်တယ်။ ဆရာဝန်က ဘာပြန်ပြောလဲဆိုတော့ အဲဒီနေရာတွေဆီ နောက်မသွားနဲ့တော့ တဲ့။

 (ဟဲနီ ယန်းမန်း)
            ********

Selfishness must always be forgiven you know, because there is no

 hope of a cure.

 Jane Austen (1775-1817)

 အတ္တဆန်မှုဆိုတာ အမြဲတစေ့ခွင့်လွှတ်ရမည့် အရာပဲ၊ ဘာ့ကြောင့်လဲဆိုတော့

 ကုရာနတ္ထိ ဆေးမရှိဘူးလေ။

 (ဂျိန်းအော်စတင်)
            ********

One of the darkest evils of our world is surely the unteachable wildness of

 the Good.

 H.G. Wells (1866-1946)

 ကျွန်တော်တို့ကမ္ဘာလောကထဲရှိ အမိုက်မှောင်ဆုံး မကောင်းမှုတွေအနက် တစ်ခုကတော့

 လူကောင်းလူတော်ဆိုသူတွေရဲ့ သင်ကြားလို့မရတဲ့ ရိုင်းစိုင်းမှုပဲ။

 (အိပ်ခ်ျ၊ ဂျီ၊ ၀ဲလ်)
          ********

Never give up, for that is just the place and time that the tide will turn.

 Harriet Beecher Stowe (1811-1896)

 ဘယ်တော့မှ အားမလျှော့နဲ့၊ ကံကြမ္မာပြောင်းလဲမှုဆိုတာ ကာလဒေသအပေါ်မှာလဲ

 မူတည်တယ်။

 (ဟာရိုက်ဘီချာစတူး)
            *******

The words that enlighten the soul are more precious than jewels.

 Hazrat Inayat Khan

 စိတ်ကို အသိဉာဏ်ရစေတဲ့စကားလုံးတွေဟာ ရတနာတွေထက် ပိုတန်ဖိုးရှိတယ်။

 (ဟာ့ဇ်ရတ် အိုင်နယတ် ခန်)

The truth is the kindest thing we can give folks in the end.

 Harriet Beecher Stowe (1811-1896)

 ကျမတို့ နောက်ဆုံး လူတွေကို ပေးနိုင်တဲ့ အကြင်နာဆုံးအရာကတော့

 သစ္စာတရားပါပဲ။

 (ဟာရိုက် ဘီချာစတူး)
             *********

Malice is of the boomerang character,

 and is apt to turn upon the projector.

 William Makepeace Thackeray (1811-1863)

 ရန်ညှိုးဆိုတာ လက်နက်ပျံတစ်ခုလိုပဲ၊

 ပစ်တဲ့ ကာယကရှင်ဆီ ပြန်လည်လာတတ်တဲ့ သဘောရှိတယ်။

 (၀ီလီယံမိတ်ခ်ပီးစ်သက်ခရေး)
          *************

Better to be without logic than without feeling.

 Charlotte Bronte (1816-1855)

 ခံစားချက်မရှိခြင်းထက် ယုတ္တိမရှိခြင်းက ပိုကောင်းပါသေးတယ်။

 (ရှားလက်တ် ဘရွန့်တီ)
         **********

Fortitude is the marshal of thought, the armor of the will, and

 the fort of reason.

 Francis Bacon (1561-1626)

 သတ္တိဆိုတာ တွေးတောကြံစည်မှုရဲ့ အကြီးအချုပ်၊ စိတ်ဆန္ဒရဲ့ ချပ်ဝတ်မိန်ညို၊

 ဆင်ခြင်ဉာဏ်ရဲ့ ခံတပ်ပါပဲ။

 (ဖရန့်ဆစ်စ် ဘေကွန်)
            ********

Faith, as well intentioned as it may be, must be built on facts, not fiction-

 faith in fiction is a damnable false hope.

 (Thomas Alva Edison)

 ယုံကြည်မှုကို ရည်ရွယ်ရင်းအတိုင်း အချက်အလက်တွေပေါ်မှာပဲ တည်ဆောက်

 ရမယ်။ လုပ်ယူလို့မရဘူး။ လုပ်ယူထားတဲ့ ယုံကြည်မှုဟာ

 အမှားဖြစ်ဖို့ နီးစပ်တယ်။

 (ထောမတ်စ် အယ်လ်ဗာ အဲဒိဆန်)
                **********

Thou shouldst eat to live; not live to eat.

 Socrates

 အသက်ရှင်ဖို့ စားတာမျိုးပဲ ဖြစ်သင့်တယ်။

 စားဖို့အသက်ရှင်နေတာမျိုး မဖြစ်သင့်ဘူး။

 (ဆော့ခရတ္တိ)
            *******

Time flies like an arrow. Fruit flies like a banana.

 Groucho Marx

 အချိန်ဟာ မျှားတစ်စင်းပစ်လွှတ်လိုက်သလို အကုန်မြန်တယ်။

 စည်းစိမ်ဆိုတာ ငှက်ပျောသီးတစ်လုံးစားလိုက်သလို အပြုန်းမြန်တယ်။

 (ဂရောင်ချို မာ့ခ်စ်)

           *******

Sunday 5 July 2015

အပြင်းစား .... ​အော်​ချက်

"Thank You" ခင်ဗျားကမ္ဘာနဲ့ချီပြီး

သံယောင်မလိုက်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်အဓိပ္ပာယ်မဲ့သွားခဲ့တာကြာပြီ။

"အချစ်" ခင်ဗျားမျက်နှာဖုံးတွေတပ်လို့

စွတ်စွတ်မပြောနဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်လူရာမ၀င်ခဲ့တာကြာခဲ့ပြီ။

"သတိရခြင်းလား" ခင်ဗျားလျှာအရိုးမရှိတိုင်း

ခပ်ဖွဖွမပြောနဲ့ အဲဒီစကားလုံးတွေ

ကျနော်ထွေးထုတ်ခဲ့တာကြာခဲ့ပြီ။

"လွမ်းမိသတဲ့လား" ခင်ဗျားဟန်ဆောင်အပြုံးနဲ့

မကျီစယ်ချင်နဲ့ အဲဒီစကားလုံးတွေ

ကျနော်အန်ထုတ်ခဲ့တာကြာခဲ့ပြီ။

"မျှော်လင့်ခြင်း" ခင်ဗျားရင်ဘတ်ကို

နွားဖားကြိုးမထိုးချင်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်ရင်ဘတ်ပေါက်နဲ့မျိုချနေခဲ့ရတာကြာခဲ့ပြီ။

"သစ္စာတရား" ခင်ဗျားမွဲပြာပုဆိုးကို

အရောင်မတင်ချင်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်အရောင်မဲ့ခဲ့တာကြာခဲ့ပြီ။

"မေတ္တာတရား" ခင်ဗျားအပူရုပ်ကို

ဟန်မလုပ်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်ရပ်ဝန်းထဲမိုးခေါင်သွားခဲ့တာကြာခဲ့ပြီ။

ခိုင်​နုငယ်


     ********

ကဗျာ

မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ် 
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့မထင်မိတဲ့ကောင်ပါ 

ပန်းခင်းလမ်းတွေ မဟုတ်မှန်းတော့ သိခဲ့ပါတယ်

ရီဝေသွယ်ပြောင်းတဲ့ အမိန့်တစုံတရာမှာ
ရှတတ အပြုံးတွေဘာလို့ ပျော်ဝင်နစ်မူးနေခဲ့ရသလဲ..

ခါးတယ်ဆိုတာ ခံစားချက်သက်သက်ပါကွဲ့

အေးချမ်းနေတဲ့ မိုးဥတုပေါက်ကလေးဟာ
၂၄ နာရီရဲ့ စက္ကန့်သံ ခြောက်ခြောက်ခြားခြားမှာပဲ 

အိပ်မက်တွေကို ရိုက်ချိုး ဖျက်ဆီးသွားတယ်
 
ဒီလိုပါပဲကွယ် . . .

ရေရေရာရာဆိုတာ ဘာဆိုဘာမှမရှိပါဘူးဗျာ

             ***

Friday 3 July 2015

ချက်​ကိုစလိုဗက်​ ကဗျာဆရာ `` မီရိုဆလဗ်​ ဟိုးလဗ်​ ´´ ၏ အပြင်းအထန်​ ခံစားရခြင်း ကဗျာမှ

ချက်ကိုစလိုဗက်ကဗျာဆရာ “မီရိုဆလဗ် ဟိုးလဗ်” ၏
“အပြင်းအထန် ခံစားရခြင်း” ကဗျာမှ . . .

အစီအစဉ်
၁။ ကိုယ့်အတ္တပေါ် ကိုယ်ပြန်ချော်လဲခြင်း
၂။ ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း – က)
၃။ ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း – ခ)
၎။ ရင်ထဲက လက်ဖက်ရည်ဆိုင်
၅။ ယစ်မူးခြင်းများ
၆။ နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း – က)
၇။ နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း – ခ)
၈။ ကျွန်တော့်ရဲ့ ယခုအချိန်
၉။ နိဂုံး ၏ နောက်ဆက်တွဲ

၁။

အတောင်ညောင်းနေတဲ့ လင်းတတစ်ကောင်
အရက်ဆိုင်မှာ ထိုင်ဟောင်နေတယ်
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ကိုယ့်ကိုယ်ကို လွှတ်မချချင်စမ်းပါနဲ့။

ယမာကာတစ်ခွက်ကို တပ်မက်နှစ်ခြိုက်
အကြီးစား မိုက်မဲမှုတစ်မျိုး
ငါက
ကမ္ဘာ့ဝင်ရိုးစွန်းတွေကို ဖြတ်ကျော်သွားမယ့်
အာကာသလွန်းပျံယာဉ်တစ်စင်း
မင်းက
အဆိပ်ပြင်းတဲ့ နှင်းဆီတစ်ပွင့်
ပါးပြင်းထောင်တတ်တဲ့
ဟန်ဆောင်မှုတွေကြားထဲ
ကျယ်လောင်စွာ အပြုစားခံခဲ့ရတယ်။

ဘာကိုယုံရမှာလည်း
“လုံခြုံမှု . . .” တဲ့
“ဘဝ အာမခံချက် . . .” တဲ့
လူတစ်ယောက်ရဲ့ ဘဝကို
ဘယ်လိုအရာမျိုးက
အာမခံချက်ပေးနိုင်မှာလဲ။

အချစ်ကို ယုံလို့
မြစ်ထဲ ခုန်ချခဲ့တာပဲ
ဒါ စုံလုံကန်း ဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ။

မရှိတဲ့တရားကို
အသိမှားတွေနဲ့
မဟားဒယား တွန်းရှာ
အဆုံးမှာ ကိုယ့်အမည် ကိုယ် ပြန်သတိရ
ဒီ့ထက် စိတ်ချရတာ ဘာရှိသေးလို့လဲ။

ဒီလိုနဲ့သူဟာ
သီချင်းတွေကို ချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်
လက်ဖက်ရည်ကို ချစ်ခဲ့တယ်
” . . . . . . .” ကို ချစ်ခဲ့တယ်။

၂။

ရင်ကွဲနာကျနေတဲ့
ဂစ်တာတစ်လက်ရဲ့သက်ပြင်းချသံ
(အရင်ကလိုပဲ) သန်မာပူနွေးဆဲပါပဲ။

အရေခွံအဟောင်းတွေကြောင့်
ရွဲ့စောင်းမှု ပိုမိုပြင်းထန်
ဟောဒီ ကန္တာရကောင်းကင်မှာ
အထီးကျန်ပျံသန်း
ခံနိုင်ရည်က ဆုံးဖြတ်ပါလိမ့်မယ်။

မမျှော်လင့်တဲ့ တွေ့ဆုံမှု
သူမရဲ့ရုတ်တရက် အပြုံး
ခြေလှမ်းတွေ အသက်ရှူနှုန်းတွေလွဲမှား
အားနာလိုက်တာ ညနေခင်းရယ်။

နားလည်နိုင်ပါ့မလား
ရိုးသားစွာ သေချာ
မှန်ကန်စွာ ရောင့်ရဲ
ကြေကွဲစွာ ပွင့်လင်း
မျဉ်းကြောင်း တစ်ကြောင်းပေါ်မှာ . . .

လူတစ်ယောက်ရဲ့ဖြောင့်ချက်ထက်
ငွေစက္ကူတစ်ရွက်က ပိုအရေးကြီးသလား
ကျွန်တော် လက်နက်ချမိတော့မလို့။

သင်္ချာညံ့တဲ့ သာမန်လူ
အဲဒီ မာကြောမှုတွေနဲ့ပဲ
လောကကို ဆုပ်ကိုင်
ဘယ်နေရာကို “အောင်လံ” စိုက်နိုင်ခဲ့ပါသလဲ
ခံတပ်တွေ တစ်ခုပြီးတစ်ခု ပြိုလဲကျခဲ့ရတယ်။

ဟန်ချက်ပျက် နေ့ရက်တွေအတွက်
ဘယ်သူ့ကိုမှ စွဲချက်မတင်လို
နေ့စဉ် မြိုချခံနေရတဲ့ လူ့သက်တမ်း
ချောက်ကမ်းပါးစွန်း ရောက်နေခဲ့ပြီ။

၃။

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

နွေးထွေးလုံခြုံတဲ့ တွင်းတစ်တွင်း
ပြင်းပြစွာ တောင့်တ
စောင့်နေရတာ မပျင်းဘူးလား
မစဉ်းစားရဲတာကိုက
အားနည်းချက်တစ်ခုပဲ။

“ချစ်ခြင်း” ကို မျှော်လင့်
တရားသဖြင့် တွေးခေါ်
ပျော်ရွှင်မှုတွေဟာ အသေအချာ ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ညနေဆို
လက်ဖက်ရည်ဆိုင်ထဲ ဝင်ခွေနေတတ်တဲ့
မြေပွေးတစ်ကောင် အဆိပ် မရှိချင်ယောင်ဆောင်လို့။
မိုးတိမ်တွေအောက်မှာ
တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်မကင်းဖြစ်နေရတာ
ရှက်စရာ မကောင်းဘူးလား။

လောကကြီးကလဲ
သူမရဲ့ ပေါင်တံလှလှပေါ်မှာ
ဟန်ဆောင်မှုတွေကိုတင်လို့
သူကလည်း သူ့ကိုယ်သူ ဖုံးကွယ်လို့
ငါကလည်း ငါ့ကိုငါ ဖုံးကွယ်လို့
ရှုံးမယ်ဆိုတာ သိပြီးသားပါ။

ညကတော့
ပြည့်လုဆဲဆဲ လရောင်အောက်မှာ
ကိုယ့်အရိပ်ကိုယ် ကြေကွဲစွာ တိမ်းရှောင်ရင်း
ကြေကွဲစွာ တိမ်းရှောင်ရင်း . . .
တိမ်းရှောင်ရင်း . . .

၎။

မနက်မိုးလင်းတော့
သီချင်းတစ်ပုဒ် ဝင်လာတယ်
သူ့ကိုယ်ပေါ်မှာ နာရေးကြော်ငြာကိုတပ်ဆင်
အာရုံမြင်ဂီတ
ဒါဟာ ဇာတ်ရဲ့အစ
နှင်းတွေ တဖွဲဖွဲ ကျလို့ရယ် . . .

သုံးနှစ်ကျော်ကျော် လွဲချော်မှု
ကိုယ့်ကိုယ်ကို ကုန်းကိုက်ချင်လောက်အောင် ဒေါသဖြစ်
လက်နက်ကိုင် စစ်တပ်တွေထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ကမ္ဘာစစ်ကြီး နှစ်ခုထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ဟောဒီခေတ်ရဲ့ ရာဇဝတ်ကောင်။
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ဟန်မဆောင်တတ်တာ အားနည်းချက်ပဲ

ဆုံးရှုံးမှုမျိုးဆက်ထဲက
အကွပ်မျက်ခံ လူငယ်တစ်ယောက်
သူ့ကို သူမ ဘယ်လောက် သဘောပေါက်သလဲ
တိုးလျှိုပေါက် မြင်နိုင်ပါ့မလား
ကိုးကွယ်စရာ ဘာသာတရားအသစ်ကို မျှော်လင့်
အသစ်စက်စက် ဦးနှောက်တွေကို မျှော်လင့်
မီးလျှံကြားက ပင့်ကူတစ်ကောင်
ခိုးကြောင်ခိုးဝှက် ကတိတွေ ပေးနေမိရဲ့။

ရင်ထဲက သူလျှိုမရယ်
ဝေခွဲမရမှုတွေဟာ ငါ့ကို ဆွံ့အစေပါတယ်
ပြောစရာ စကားတစ်ခွန်းအတွက်
တွန်းအားက ဘာများပါလဲ
ဇွန်းတစ်ချောင်း ယူခဲ့စမ်းပါ။

အလေးချိန်ရှိတဲ့လူ
သူ့ကိုယ်သူ တာဝန်ယူနိုင်ပါစ
ဟောဒီ နွံအိုင်ထဲမှာ
ဘယ်လောက်ကြာကြာ ကိုယ်ဖော့နေနိုင်မှာလဲ
တည်းတည်းလေးပဲ ကျန်တော့တယ် ….

လက်ဖက်ရည်ဆိုင်ရဲ့ ဟာလာဟင်းလင်း စားပွဲများ . . .
ပေါ့ပျက်ပျက် သတ္တုရေနွေးခရားများ . . .
အသံမဲ့ ဘာသာစကားများ . . .
. . . . . . . . . . . .
. . . . . . . . .
အားဍ . . . . . . . . .
ဒီလိုနဲ့ ညနေခင်းတစ်ခု ကျွံကျသွားတယ်
မစွန့်စားရဲသေးတဲ့
အသည်းကွဲ ရဲဘော်တစ်ယောက်
လက်ဖက်ရည်ကျကျတစ်ခွက် သောက်မိပြန်ပေါ့။

၅။

မြင့်သထက် ပိုမြင့်မား
လေရဲ့ မြှောက်စားမှုမှာ
ကလေးငယ်တစ်ယောက် လက်မှ လွတ်သွားသော
မိုးပျံဘောလုံးတစ်လုံး။

ဗြုန်းဆို ညနေခင်းရွဲ့စောင်း
ခေါင်းလောင်းသံများဖိတ်စင်
အမှောင်ရိပ်တွေဝင်လာပြီ
ငါ့ရဲ့တိတ်ဆိတ်မှုတွေကြောင့်
ငါ စောင့်နေရပြန်ပေါ့။

ရွံစရာ ဝန်စည်စလယ်တွေနဲ့
ခေတ်ကြီးတစ်ခုလို ပျက်ခဲ့ပြီလား
အချစ် ပလ္လင်ပေါ်
လည်စင်းပေးချင်တဲ့ သိုးငယ်
ခပ်လွယ်လွယ် ဘာသာရပ်တော့ မဟုတ်ဘူး။

မာကြောတဲ့ ဝေဖန်ရေးတွေကြား
အလေးချိန်မဲ့စွာ
ပမာဏမဲ့စွာ
ပုံသဏ္ဌာန်မဲ့စွာ
အသံမဲ့ ဒေသတစ်ခုသို့ အရောက်
ကြောက်စိတ်တစ်ခုထဲနဲ့
နေရဲခဲ့ပါပြီ။

ဟောဒီမှာ သေခြင်းတရားနဲ့ လဲလှယ်ဖို့
သက္ကရာဇ် နည်းနည်းပါးပါးနဲ့
စာြးွကင်းစားကျန်တွေပဲ ရှိပါတယ်။
အခုတော့ ကမ္ဘာ့ ဆွဲငင်အားမှ
ခေတ္တ ကင်းလွတ်သွားသော . . .
. . . . . . . . . . . . . . .
. . . . . . . . . . . .

၆။

ရူးသွပ်မိုက်မဲမှုလို့ ထင်ရတဲ့
မိမိကိုယ်ကို ကဲ့ရဲ့ခြင်းများ
အရေပြားများ ယားယံ
လက်ဖက်ရည်သောက်သလို သာမန်ကိစ္စ
တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ
လွယ်တာမှတ်လို့။

လျှပ်တစ်ပြတ် ပြောင်းလဲခြင်းမှာ
အလောင်းတစ်လောင်းလို အေးစက်တောင့်တင်း
မဖြောင့်မတ်ပေမယ့်
အတ္တစင်ရုံမျှ
ဘယ်တုန်းကမှ မရှိခဲ့တဲ့ လူသားတစ်ဦး
တိုးလျှိုပေါက်နယ်ထဲကို ပူးကပ်ဝင်ရောက်ခဲ့။

နားထောင်နေရတဲ့ သီချင်းတွေကလည်း
လည်ပင်းကို လာစွပ်တဲ့ ကြိုးကွင်းတွေလို

ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ
ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ

ခံတွင်းပျက်နေတဲ့ ကြောင်နဲ့
အတောင်ပံ ကျိုးနေတဲ့ ဇရက်
တကယ့်အဖြစ်အပျက်တွေလို ပြင်းထန်
သံသယတွေခြောက်လှန့်
လက်ဝါးဖြန့်ဖို့ကို စဉ်းစား
ရိုးသားမှုနဲ့ အချိန်ကာလက
ဘဝတွေကို ပြုပြင်မွမ်းမံပေးနိုင်မလား။

ခုတော့
တစ်ယောက်က ဘဝမှာ နောက်ကျောမလုံသူ
တစ်ယောက်က ဘဝမှာ နောက်ကျောဓားထိုးခံရဖူးသူ

နေ့စဉ် မြင်ကြမှာပါ
ဟောဒီ ကားစင်ပေါ်မှာ
အရှင်လတ်လတ် မီးတင်ရှို့ခံနေရတာ
ငါပဲ။

၇။

အဆင်သင့် မဖြစ်သေးတဲ့ ကာလ
ပိုက်ဆံ နည်းနည်းပါးပါးနဲ့ မိန်းမတစ်ယောက်ကို မျှော်လင့်
နောက်ထပ်တစ်ကြိမ် ယစ်မူးခွင့်
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ။

လက်ဖက်ရည် ဂါလံများစွာ
ဆာလောင်မွတ်သိပ်စွာ မြိုချ
တစ်လပြီး . . . . . . တစ်လ
နောက်တစ်လ
ရုန်းမရနိုင်တဲ့ ကျော့ကွင်း
ကိုယ့်ကိုယ်ကို ညှင်းဆဲနေရတာ
ဟေ့ကောင်! မင်း မပျင်းဘူးလား။

နူးညံ့ပျော့ပျောင်းတဲ့ တေးဂီတတွေ
ငါ့ ဘဝမှာ ရှိမှ ရှိပါ့မလားလို့ဆိုတဲ့
သံသယတွေနဲ့
ငါ မပြောဖြစ်သေးတဲ့ စကားတွေ . . .
ငါ မမက်ရဲသေးတဲ့ အိပ်မက်တွေ . . .
လျှို့ဝှက်စွာ သိမ်ငယ်ခဲ့ရ
မပြေလည်မှု နေ့ရက်များရဲ့
ကြေငြာချက်တစ်စောင် မထုတ်ပြန်မီ . . .။
ခွင့်လွှတ်ပါကွာ
ခုလိုအခါမှာ ကိုယ့်အထုပ်ကိုယ် ဖြေပြရတာ
နည်းနည်းတော့ ရှက်စရာကောင်းပါတယ်။

သင်းခွေချပ်တစ်ကောင်လို
နေတတ်ခဲ့ရင်တော့ အကောင်းသား . . .။
ခုတော့ ငါ့ ကိုယ်ငါ ပိတ်လှောင်ထားတာပဲ
ပိုချစ်စရာ ကောင်းမလားလို့။

၈။

မိုးအုံ့ ညနေရဲ့ ရင်ခွင်ထဲက
လပ်ဟာမှုဝိညာဉ်
မေတ္တာတရားရဲ့ ဆွဲငင်မှုမှာ
သူ့ရဲ့ယူကြုံးမရ ဟင်းလင်းပြင်
သက်ညှာစွာ စီရင်ချက် ချပါတော့။

တိုက်ဆိုင်မှုတွေ အလယ်မှာ
မမိုက်ကန်းရဲခဲ့ပါ
ဝမ်းနည်းရမှာကို သိပါတယ်
ခုလို ဖုံးကွယ်နေရတာကိုက
ပိုမို ကြေကွဲဖွယ်
ဘာမှမတတ်နိုင်ခြင်း ပင်လယ်။

အထီးကျန်
အထီးကျန်
အထီးကျန် . . . တဲ့
ဒီအသံက ကျယ်လွန်းအားကြီးတယ်
သွေးသားတောင်းဆိုမှု သက်သက်နဲ့တော့
အဲဒီ ဖန်ခွက်ထဲ ခုန်မဆင်းရဲပါဘူး။

ကိုယ့်စိတ်ကိုယ် အလိုလိုက်မိတဲ့
ခေါင်းငိုက်စိုက်နာရီတွေ
ဟောဒီ တစ်နွေလုံး
သူ့ခမျာ အရည်ပျော်နေရှာတယ်
လက်ဖက်ရည်ဆိုင်ရဲ့ ခပ်နိမ့်နိမ့် ထိုင်ခုံပေါ်မှာ။

ဘာဖြစ်လို့ ရင်းနှီးဖို့ ဝန်လေးနေတာလဲ
တစိမ်းဆန်ဆန် နေထိုင်ခြင်းဟာ
ပျင်းစရာကောင်းပါတယ်။

ကျေနပ်လောက်အောင် မဖန်တီးနိုင်တဲ့ အနေအထား
အဲဒီ တံတားက စိတ်မချရဘူး
အနိုင်မရခဲ့တဲ့ ပြိုင်ပွဲတွေ . . .
နေ့စွဲတွေ . . .
. . . . . . . . . ။

အဆုံးအစွန်အထိ စွဲလန်းခဲ့
အဆုံးအစွန်အထိ စွန့်လွှတ်ခဲ့
အစွန်းနှစ်ဘက်ကို ဆက်သွယ်ထားတဲ့ မျဉ်းတစ်ကြောင်း
ခေါင်းမာမှုတွေနဲ့ ပျော်ချင်ယောင်ဆောင်
မျှော်လင့်ချက်မဲ့ပုံက ဆန်းကြယ်လှပေရဲ့။
ခုတော့ ထွက်ပေါက်မဲ့စွာ
သူ့ဆာလောင်မှုကို ဘယ်သူကြားနိုင်မှာလဲ
အခွင့်အရေးနဲ့ အစွမ်းအစ
မညီမျှသေးခင် . . .
. . . . . . . . . . . .
. . . . . . . . . ။
ငှက်ပျောသီးတစ်ဖီးလောက်မှ
မကြီးကျယ်နိုင်သူတစ်ယောက်
ကိုယ့်ကိုယ်ကို သစ္စာဖောက်ဖို့ဆိုတာ
သိပ်နောက်ကျနေပြီ။

၉။

ရေမြွေတစ်ကောင်လို နေနိုင်ခဲ့ရင်တော့ အကောင်းသား
မိကျောင်းတစ်ကောင်ဖြစ်နေတာက ခက်တယ်။

လောလောဆယ် နေ့ရက်တွေကတော့
ဗွက်အိုင်တွေထဲမှာပါပဲ
ဒါတောင်မှ သွေးမပျက်တတ်သေးတာ
မိုက်တွင်းနက်တယ် ဆိုမလားပဲ။

ကိုယ့်ပျော့ညံ့ချက်တွေအတွက်
ကိုယ့်ကိုယ်ကို ကန့်ကွက်
ဘာကိုမှ မိမိရရ မဆုပ်ကိုင်ဖြစ်သေးတဲ့ လက်ချောင်းတွေနဲ့
တစ်ရက်ပြီးတစ်ရက် ကြက်ခြေခတ်ခဲ့ရ

ညပေါင်းများစွာ . . .
“စတေးရမယ် . . .
စတေးရမယ် . . .”
အဲဒီလိုတွေးမိပြန်တော့
လောင်းကစားသမားရဲ့ ပုံအောမှုမျိုးကို
ကိုးကွယ်သူတစ်ယောက်အနေနဲ့
နည်းနည်းချင်းတော့ ဖဲ့မပေးနိုင်။

မေ့လျော့ခြင်းကို အပြစ် မတင်ပါနဲ့
ဘဝကို နာကြည်း ငြီးငွေ့စွာ
တစ်ယောက်က ပြောတော့
“ဘဝဟာ မသေချာတော့ဘူး . . .” တဲ့
ဒုက္ခတောအုပ်ထဲမှာ
မင်းဘဝလေး မိုးမချုပ်စေလိုတဲ့ စေတနာ
ခွင့်လွှတ်ပါကွာ . . . ။
စကားလုံးတွေကို အားပြုနေရတာ
ရွံစရာကောင်းလှပါတယ်
လောကရဲ့ ရွဲ့စောင်းမှု ထုသွင်ကြီးထဲမှာ
စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်
မိမိရဲ့ ကြောင်တောင်ကန်း စိတ်ဓာတ်ကို ပျက်ရယ်ပြု
ယုံကြည်မှုဆိုတာ တစ်ခုထဲနဲ့
ဟောဒီ ကမ္ဘာကြီးပေါ်က
တစ်စုံတရာကို ရယူချင်မိတာပါ။

လှသန်း

noted: ၈၀ပြည်လွန် ၉၀မတိုင်မီမှာ ကိုလှသန်း(ကြည်မောင်သန်း) ရေးခဲ့တဲ့ ကဗျာဖြစ်ပါလိမ့်မယ်။