နှစ်ရောင်စပ်ထားတဲ့ကောင်းကင်(၂၄)
မြေလေးနေသူများနှင့်မြေပေးနေသူများ
လွတ်လပ်ခွင့်ဟာ အရသာပျတ်လာတဲ့ ဟင်းချိုတစ်ခွက်လို
အဓမ္မနေ့ရက်များမှာ သူတို့ရဲ့ ရိုးသားခြင်းတွေ ပေါ်လွင်ခဲ့လို့
ရပိုင်ခွင့်တွေအားလုံး မြေမြှပ်ခံလိုက်ကြရ
လူချမ်းသာ တစ်ချို့ရဲ့ လှည့်ကွတ်ဟာ
လူ့ပညာတတ် တစ်ချို့ရဲ့ လှည့်ကွတ်ဟာ
လိပ် က ဂျပိုး
အားနာမူကိုရိုက်ချိုး
ရင်းနှီးမူကို မီးတို့ ...........။
လောဘမရှိပေမယ့် စာနာမူရှိတဲ့သူတွေပါ
အကျိုးအကြောင်း ကောင်းအောင်ပြောပြ
တရားနည်းလမ်းကျကျ ဆုံးဖြတ်ချက်ချ
အခုကျ
အနိုင်ကျင့်ဖို့သက်သက် ပညာသင်ထားကျသလိုမျိုး
ရိုးသားသူတွေကိုမှ
သင်းတို့ .....ဂုတ်သွေးစုတ်ချင်နေကြ
ရင်နာလိုက်တာ
မြန်မာအချင်းချင်း သိဏ္ခကျသဗျာ
ပါးစပ်ကထွက်နေတာ ငွေ
ကိုယ်ချင်းစာတရားကျတော့....မြွေ....
ခက်လည်းခက်တဲ့လူတွေ.......။
No comments:
Post a Comment