Saturday 26 September 2015

အတူဆုံ​တွေ့မယ့်​ ​နေ့

ငွေနှင်းမှုံ နေခြည်သိုင်းလို့ ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့် ဟန်ချီ

မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့

ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်

အရမ်းလွမ်းလှပြီ ဒီအသဲပန်းကို တိတ်တိတ်လေးခူးဆွတ်သွားသူရယ်

ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်

မျှော်သာမျှော်လျှက်အခေါ်ခက်ပြန် နှုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့

လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို အမှာပါးခဲ့ပါ့မယ်

ကိုယ့်အချစ်တွေ သဇင်ရနံတို့နဲ့အတူ မင်းရင်ထဲခိုနားခွင့်ပြုပါ ချစ်သူ

အင်တာနက်အချစ်နတ် ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ

အစွဲလမ်းတွေပို လွမ်းရနံ့တွေဝေနေလေတော့ နေ့နေ့ညညမေ့မရခဲ့ဘူး

မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ

ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ

ကဗျာလေးတွေရွက်ဆို အတူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း

 ဒို့ လွမ်းနေတယ်ချစ်သူရယ်.....။

No comments:

Post a Comment