Thursday 31 July 2014
ခရီးသည်
ဘာလိုလိုနဲ့ အတ္တ​တွေ ထမ်းပိုပြီး
ခရီးကြမ်းကြမ်းမှာ မ​မောမပန်း ​လျှောက်​လှမ်းရင်း
ငါ့တစ်​ကိုယ်​လုံးမှာ ​မောဟ​တွေ ​ပေကျွံလို့
ဟင်​ . . . .
မျက်​နှာချင်းဆိုင်​ အရပ်​ဆီကလာသည့်
အိုဘယ်​ ခရီးသည်​ . .
သင့်​မျက်​နှာ​ပေါ် ​ပေကျွံ​နေတဲ့
မာန​တွေကို သုတ်​လိုက်​စမ်းပါ
သင်​မျက်​နှာ မူရာ အရပ်​နဲ့
ကျွန်ုပ်​ မျက်​နှာမူရာ အရပ်​ဟာ
ကွဲပြာခြားနား​နေ​ပေမယ့်
ရောက်​ရာ အရပ်​က​တော့
တစ်​ထပ်​တည်း ကျ​နေမှာပါ ။
             *****
No comments:
Post a Comment