Tuesday 29 July 2014

အရိုးများနာကျင်​လာတဲ့ အခါ ​အော်​သံများ ဆွံအသွား​တော့မလား

နေတဲ့အိမ်​ရဲ့ လမ်း ဟိုဘက်​ မျက်​နှာချင်​ဆိုင်​တည့်​တည့်​ အိမ်

ပြူတင်း​ပေါက်​ တစ်​ချပ်​ လှန်​ထားတယ်

တစ်​​နေ့​နေ့မှာ တစ်​ဖြန့်​ဖြန့်​ လင်း​နေတဲ့ ကြယ်​​တွေဆီ​ရောက်​ဖို့

မူလီ​လေး​တွေ စု​နေတယ်

ယောင်​ယမ်း​အော်​ဟစ်​လိုက်​သလား

လမ်း​ဘေးသစ်​ပင်​​လေး​တွေ ​တော်​​တော်​ကြီးလာတယ်

ဆူး​တွေ ဘာ​တွေ

ဘာဘာ ဘာမှ မသိ​ပေမယ့်

ဘာဘာ ဘာကိုသိတယ်

တဟွပ်​ဟွပ်​ တဆစ်​ဆစ်​ ကိုက်​ခဲ 

မော်​ဒန်​ အ​ကြောင်း​ပြောတုန်း

ကားမှတ်​တိုင်​ ကားရပ်​  မရပ်​ မသိလိုက်​ဘူး

လမ်း​ဘေး ဆင်းလျှောက်​ လမ်း​ဘေးဆင်း​လျှောက်

ပို့စ်​​မော်​ဒန်​ ပို့စ်​​မော်​ဒန်​   ရယ်​စရာသိပ်​​ပြောတာပဲ့

ခေါင်း​ပေါင်းကြီးနဲ့ ​တောင်​ရှည်​ပုဆိုးနဲ့

အ​တောင်​နှစ်​ဆယ်​ ဝတ်​ခဲ့လဲ

ကောင်​မ​လေး ပြုံး​နေတုန်း ဝက်​အူ ပြုတ်​သွားတယ်

ဘာလုပ်​ရမှာလဲ ဘာလုပ်​ရမှာလဲ

လူဝင်​စားလို့​ပြောတာပဲ့ ​မေ​မေရယ်

နောက်​ပြန်​​လျှောက်​လို့ရမှ​တော့ ​နောက်​လှည့်​ကြည့်​စရာ လို​သေးလား

မာလကာသီးကို ​ကြေ​အောင်​စားပါတယ်

အာရုံမလန်းဘူး  ​ရေ​သောက်​ထားတယ်

ကဗျာဆရာရဲ့ ကဗျာ

အ​ရွေ့​တွေ ​ရွေ့​ပေးလိုက်​တယ်

နည်းနည်း ဘယ်​သူ ဒိန်​ခဲလဲ

ချဉ်​စုပ်​​နေတယ်

ကြည့်​ . .နှုတ်​ခမ်းဆိုး​ဆေး​တွေ ( sample ) ပြထားတယ်

လေထဲမှာ နမ်းကြ ရှုံကြ

အိတ်​သွန်​ ဖာ​မှောက်​ မြက်​ခင်း​ပေါ် သွန်​​မှောက်​ကြ

နို့ရည်​​တွေ

ဆန်းသစ်​အ​တွေးနဲ့ ​ကြောက်​ခမန်းလီလီ

လမ်းကို ပစ်​သွားတဲ့ ဖိနပ်​ကို သွားသတိရမိတယ်

မဆီမဆိုင်​ မငိုလိုက်​ပါနဲ့ကွာ

အမှိုက်​​တောင်းထဲမှာ

၁။ ပုတ်​​စော်​နံ​နေတဲ့ မျက်​​စောင်းတစ်​စုံ
၂။ ကွဲပြဲ​နေတဲ့ ကြက်​​ခြေခတ်​ တစ်​ခု
၃။ စုတ်​ပြတ်​​နေတဲ့ ရာသီ တစ်​ခု
၎။ အမည်​မ​ဖော်​လိုတဲ့ ကဗျာတစ်​ပုဒ်
၅။ ​စောင်းချိတ်​ထားတဲ့ တီးလုံး
၆။ စွန့်​ပစ်​ထားတဲ့ ​တောင်​ပံ​တစ်​ဖက်
၇။ မျက်​နှပြင်​မညီတဲ့ ထုထည်​တည်​​ဆောက်​မှု
၈။ ဟန်​​ဆောင်​​နေတဲ့ ဆက်​ဆံ​ရေး
၉။ ​ကြောက်​လှန့်​နေတဲ့ မျက်​နှာဖုံးတစ်​ခု
၁၀။ အတု အစစ်​ခွဲခြားမသိတဲ့ အသိဥာဏ်
၁၁။ ​ရေ​မျောကမ်းတင်​ ဟာသများ
    
         ဤခရီး​ရှေ့ဆက်​ဖို့ လာခဲ့တယ်
  
         ဤခရီး မဆုံးခင်​ လှည့်​ပြန်​ခဲ့တယ်

နေတဲ့ အိမ်​ရဲ့ လမ်းဟိုဘက်​ မျက်​နှာချင်းဆိုင်​ တည့်​တည့်​အိမ်

ပြူတင်း​ပေါက်​တစ်​ချပ လှန်​ထားတယ်

တစ်​​နေ့​နေ့မှာ တစ်​ဖြန့်​ဖြန့်​ လင်း​နေတဲ့ ကြယ်​​တွေဆီ​ရောက်​ဖို့

မူလီ​လေး​တွေ စု​နေတယ်။

***



             Y

No comments:

Post a Comment