Tuesday 7 March 2017

ဆု​တောင်းစကား

အပြုံးကိုဖိတ်​ အမုန်းပိတ်​၍
အရူံးအမြတ်​ မထည့်​တွက်​ပဲ
နှလုံးရင်​မှာ ဖြူစင်​စွာဖြင့်
မေတ္တာ​ရေစီး ချစ်​ခရီးမှာ
နှစ်​ကိုယ်​လက်​မြဲ တူယှဉ်​တွဲ၍
အ​အေးအပူ အတားဟူသမျှ
တူနှစ်​ကိုယ်​မျက်​နှာ ကြည့်​ရှူကာဖြင့်
ကျော်​လွားဖြတ်​သန်း မငြီးစတမ်းမို့
ချစ်​လမ်းခရီးမှာ ဆူးခင်းလာလဲ
ပန်းခင်းထားလို အတူနင်း​ခြေ
သစ္စာ​မြေမှာ ချစ်​အိမ်​​လေး​ဆောက်
နှစ်​​ယောက်​ဘဝ စွယ်​​တော်​ရွက်​သို့
လှပ​စေ​ကြောင်း ဆုမွန်​​တောင်းရင်း
ချစ်​သူတိုင်းလည်​ ညားပါ​စေ~~~~~

No comments:

Post a Comment