Tuesday 12 August 2014
ဆာမူရိုင်း သီချင်း
ငါ့မှာ အမိုးမရှိခဲ့တုန်းက ရဲတင်းခြင်းကို
ငါအမိုးလုပ်​ခဲ့တယ်။
ငါ့မှာ ညဉ့်​နက်​စာ မရှိခဲ့တုန်းက ငါ့မျက်​လုံး​တွေဟာ
ညစာစား​သောက်​ခဲ့ကြတယ်။
ငါ့မှာ မျက်​စိ မရှိခဲ့တုန်းက ငါ နားစွင့်​ခဲ့တယ်
ငါ့မှာ နားမရှိခဲ့တုန်းက ငါ စဉ်းစား​တွေး​ခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစား​တွေး​ခေါ်မှာ မရှိခဲ့တုန်းက
ငါ​စောင့်​​နေခဲ့တယ်။
ငါ့မှာ အ​ဖေ မရှိခဲ့တုန်းက ​စောင့်​​ရှောက်​ခြင်းက
ငါ့အ​ဖေ လုပ်​ခဲ့တယ်။
ငါ့မှာ အ​မေ မရှိခဲ့တုန်းက ငါ့ကိုယ်​ငါ ​ထွေး​ပွေ့ခဲ့တယ်။
ငါ့မှာ အသိမိတ်​​ဆွေ မရှိတုန်းက
တိတ်​ဆိတ်​မှုဟာ ငါ့မိတ်​​ဆွေ။
ငါ့မှာ ရန်​သူ မရှိခဲ့တုန်းက ငါ့ခန္ဓာ ငါဆန့်​ကျင်​ခဲ့တယ်။
ငါ့မှာ ​ငွေ​ကြေးမရှိခဲ့တုန်းက ကံကြမ္မာဟာ
ငါ့​ငွေ​ကြေး ။
ငါ့မှာ ဘာမှ မရှိခဲ့တုန်းက
သေခြင်းတရားဟာ ငါ့ကြွယ်​ဝမှု ။
လိုအပ်​ချက်​ဟာ ငါ့နည်းဗျူဟာ
သံ​ယောဇဉ်​ ကင်းခြင်းဟာ ငါ့မဟာ ဗျူဟာ
ငါ့မှာ ချစ်​သူရည်းစား မရှိခဲ့တုန်းက
အိပ်​စက်​ခြင်းကို ငါ ပိုးပန်းခဲ့တယ်​ ။
            @@@
       ( Robert Pinsky )
Sunday 10 August 2014
ကျွန်​​တော်​နဲ့ အိပ်​မက်
မျော်​လင့်​ ရည်​မှန်းထားတာ​တော့ အများကြီးပဲ့
စိတ်​ကူး​တွေ လှလွန်းပါတယ်
အိပ်​မက်​ထဲက ကြည်​နူးဖွယ်​ သူ့အပြုံး​တွေကို
             အားယူရင်း
မျော်​လင့်​ချက်​​တွေနဲ့ ကြိုးစားခဲ့ပါတယ်
အိပ်​မက်​ထဲမှာပဲ့ လုပ်​ကြံခံရတယ်
               စီးပွားပါ ပျက်​တယ်
အိပ်​မက်​ထဲမှာပဲ့ ကျွန်​​တော်​ကိုယ်​ ကျွန်​​တော်
                အသက်​ပြန်​သွင်း
တကယ်​တမ်း မှားတာက ကျွန်​​တော်
ဘာ​တွေ ဘယ်​လို မှားသလဲ ဆို​တော့လဲ
တောင်​လိုလို ​မြောက်​လိုလို ​ဝေခွဲမရပြန်
        အဲဒီအချိန်​မှာ . . . .
မိတ်​​ဆွေ တစ်​​ယောက်​က ကျွန်​​တော်​ကို
ခပ်​တည်​တည်​ကြည့်​ပြီး ​ပြောသွားတာက
     ခင်​ဗျာ အိပ်​မက်​က မှား​နေတာ တဲ့
           @@@
                         အကြင်​နာ
Thursday 7 August 2014
မေ အတွက် ​မောင်​ရဲ့ သဝဏ်​လွှာ
ရေ​မြေ​တွေခြား​နေ​ပေမယ့်​ မ​မေ့​သော အသိနဲ့
အစဉ်​ သတိရ​နေတဲ့ ​​မေအတွက် ​မောင်​င်​ထဲက
လွမ်း​နေရတဲ့ ခံစားမှု​တွေနဲ့ ဒီသဝဏ်​လွှာ​လေး ပါးလိုက်​ပါတယ်​ ​မေ
မေ့အတွက်​ စာသားလှလှ​လေး​တွေ စီဖို့ရာ ​တွေးရင်း ​တွေးရင်​က
လွမ်းထက်မက လွမ်းခြင်းဆီသို့သာ တဝုန်းဝုန်းကျ​နေကျ
မျက်​ရည်​စီးသံ​တွေ  ကြားတိုင်း ​မောင်​ အိပ်​မ​ပျော်​ဘူး ​မေ
အဆင်​မ​ပြေ​သေးတဲ့ ဘဝမှာ ရုန်းကန်​ခြင်းကို ဦးစား​ပေးပြီး
နှလုံးသားရဲ့ လွမ်း​ရေးကို ​နောင်​ချန်​ထားခဲ့ရတာ
မေ ကို ​မောင်​ မချစ်​လို့ မဟုတ်​ခဲ့ပါဘူး
အ​နေ​ဝေး​ပေမယ်​ ​မောင်​ မေကိုယုံတယ်
မေနဲ့ ​မေအချစ်​ကို ဘယ်​​တော့မှ လျစ်​လျှူ မရှု့ဘူးဆိုတာ
မေ ယုံတယ်​ မဟုတ်​လား ​မေ
အခု​ဝေး​နေရတဲ့ ခဏဟာ အစဉ်​နီးဖို့ အတွက်
မောင်​ရဲ့ အလွမ်းမျက်​ရည်​​တွေကို အရင်းတည်​ပြီး
မောင်​ နှလုံးသားထဲ ကိန်း​အောင်း​နေတဲ့ ​မေက
မောင်​ရဲ့ ရင်​ခုန်​သံ တစ်​ချက်​စီတိုင်းမှာ ​နေရာယူထားတာပါ
မောင်​ အသက်​ထွက်​တဲ့ အထိ​ပေါ့ ​မေရယ်
   အဆင်​မ​ပြေ​သေးတဲ့ အ​ခြေ အ​နေ​တွေမှာ ​မောင်​တို့ နှစ်​​ယောက်
   သစ္စာတရား လက်​ကိုင်​ထားလို့  ကြုံလာသမျှ​ ​လောကဓံ ရဲ့ ရိုက်​ချက်​တိုင်း
   အလွမ်းဆိုတာက အ​ဝေး​ရောက်​​နေသူ အဖို့
   ရိုးရာ​တေး တစ်​ပုဒ်​ ဖြစ်​​နေလည်း
   ချစ်​ခြင်း​ သစ္စာ ​တွေသာ​ပေးပါ
   ရင်းနှီးပြီးသား  ​ကမ်းလက်​တစ်​စုံ ​တော့ ​တွေ့ချင်​တယ်​ ​မေ
                    အ​ဝေးတစ်​​နေရာက လွမ်း​နေသူ
                                                  အကြင်​နာ
                                             I miss you so much
                                               @@@                     
ချစ်​သူသို့ လွမ်း
အချိန်​တိုင်း သတိရလွမ်း​နေတဲ့ ငါ
အတူဆုံမယ့်​ ပုံရိပ်​​တွေကို
ပြန်​ဆုံမယ့်​ ​နေ့များစွာ အတွက်
စိတ်​ကူး​တွေနဲ့
စုစည်းသို​လှောင်​ထားပါတယ်
အ​တွေးနဲ့ ​ပျော်​​နေခဲရလည်း
အ​ဝေး​ရောက်​ ကို့ အဖို့ မှာ​တော့
စိုးစိတ်​ စိုးထိပ်​ နဲ့  လွမ်း
@@@
Wednesday 6 August 2014
ချစ်​ သက်​​သေ
တစ်​သက်​ တစ်​ခါ
တစ်​လွှာ တစ်​ရွက်
တစ်​ပွင့်​ တစ်​ခက်
ရင့်​လို့ပဲ့ ​ကြွေ​ကြွေ
ညှာတံပြုတ်​လို့ပဲ့ ​ကြွေ​ကြွေ
လေဒဏ်​​ကြောင့်​ပဲ့ ​ကြွေကျကျ
လွင့်​လို့ပဲ့ ​နေ​နေ
မြေပြင်​ပဲ့ ​ရောက်​​နေ​နေ
ဖွဖွ​လေး ​ကောက်​လို့
ပန်း​ခြောက်​​လေး  ဖြစ်​​နေလဲ
မြတ်​နိုးမယ်
   @@@@@
မှတ်​မိ​နေ​စေချင်
တွေ့ကြုံ ဆုံကြ
ထိုခဏ၌
ခွဲခွာရလည်း
နောင်​ခါ တစ်​​နေ့
ပြန်​ကာ ​တွေ့ရင်​ ဖြင့်
မေ့မသွားဖို့ မှာချင်​သည်​ ။
       @@@