Sunday 10 August 2014

ကျွန်​​တော်​နဲ့ အိပ်​မက်

မျော်​လင့်​ ရည်​မှန်းထားတာ​တော့ အများကြီးပဲ့

စိတ်​ကူး​တွေ လှလွန်းပါတယ်

အိပ်​မက်​ထဲက ကြည်​နူးဖွယ်​ သူ့အပြုံး​တွေကို

             အားယူရင်း

မျော်​လင့်​ချက်​​တွေနဲ့ ကြိုးစားခဲ့ပါတယ်

အိပ်​မက်​ထဲမှာပဲ့ လုပ်​ကြံခံရတယ်

               စီးပွားပါ ပျက်​တယ်

အိပ်​မက်​ထဲမှာပဲ့ ကျွန်​​တော်​ကိုယ်​ ကျွန်​​တော်

                အသက်​ပြန်​သွင်း

တကယ်​တမ်း မှားတာက ကျွန်​​တော်

ဘာ​တွေ ဘယ်​လို မှားသလဲ ဆို​တော့လဲ

တောင်​လိုလို ​မြောက်​လိုလို ​ဝေခွဲမရပြန်

        အဲဒီအချိန်​မှာ . . . .

မိတ်​​ဆွေ တစ်​​ယောက်​က ကျွန်​​တော်​ကို

ခပ်​တည်​တည်​ကြည့်​ပြီး ​ပြောသွားတာက

     ခင်​ဗျာ အိပ်​မက်​က မှား​နေတာ တဲ့

           @@@

                         အကြင်​နာ

No comments:

Post a Comment