Tuesday 12 August 2014

ဆာမူရိုင်း သီချင်း

ငါ့မှာ အမိုးမရှိခဲ့တုန်းက ရဲတင်းခြင်းကို
    
ငါအမိုးလုပ်​ခဲ့တယ်။

ငါ့မှာ ညဉ့်​နက်​စာ မရှိခဲ့တုန်းက ငါ့မျက်​လုံး​တွေဟာ

ညစာစား​သောက်​ခဲ့ကြတယ်။

ငါ့မှာ မျက်​စိ မရှိခဲ့တုန်းက ငါ နားစွင့်​ခဲ့တယ်

ငါ့မှာ နားမရှိခဲ့တုန်းက ငါ စဉ်းစား​တွေး​ခေါ်ခဲ့တယ်။

ငါ့မှာ စဉ်းစား​တွေး​ခေါ်မှာ မရှိခဲ့တုန်းက

ငါ​စောင့်​​နေခဲ့တယ်။

ငါ့မှာ အ​ဖေ မရှိခဲ့တုန်းက ​စောင့်​​ရှောက်​ခြင်းက

ငါ့အ​ဖေ လုပ်​ခဲ့တယ်။

ငါ့မှာ အ​မေ မရှိခဲ့တုန်းက ငါ့ကိုယ်​ငါ ​ထွေး​ပွေ့ခဲ့တယ်။

ငါ့မှာ အသိမိတ်​​ဆွေ မရှိတုန်းက

တိတ်​ဆိတ်​မှုဟာ ငါ့မိတ်​​ဆွေ။

ငါ့မှာ ရန်​သူ မရှိခဲ့တုန်းက ငါ့ခန္ဓာ ငါဆန့်​ကျင်​ခဲ့တယ်။

ငါ့မှာ ​ငွေ​ကြေးမရှိခဲ့တုန်းက ကံကြမ္မာဟာ

ငါ့​ငွေ​ကြေး ။

ငါ့မှာ ဘာမှ မရှိခဲ့တုန်းက

သေခြင်းတရားဟာ ငါ့ကြွယ်​ဝမှု ။

လိုအပ်​ချက်​ဟာ ငါ့နည်းဗျူဟာ

သံ​ယောဇဉ်​ ကင်းခြင်းဟာ ငါ့မဟာ ဗျူဟာ

ငါ့မှာ ချစ်​သူရည်းစား မရှိခဲ့တုန်းက

အိပ်​စက်​ခြင်းကို ငါ ပိုးပန်းခဲ့တယ်​ ။

            @@@

       ( Robert Pinsky )

No comments:

Post a Comment