Thursday 7 August 2014
မေ အတွက် ​မောင်​ရဲ့ သဝဏ်​လွှာ
ရေ​မြေ​တွေခြား​နေ​ပေမယ့်​ မ​မေ့​သော အသိနဲ့
အစဉ်​ သတိရ​နေတဲ့ ​​မေအတွက် ​မောင်​င်​ထဲက
လွမ်း​နေရတဲ့ ခံစားမှု​တွေနဲ့ ဒီသဝဏ်​လွှာ​လေး ပါးလိုက်​ပါတယ်​ ​မေ
မေ့အတွက်​ စာသားလှလှ​လေး​တွေ စီဖို့ရာ ​တွေးရင်း ​တွေးရင်​က
လွမ်းထက်မက လွမ်းခြင်းဆီသို့သာ တဝုန်းဝုန်းကျ​နေကျ
မျက်​ရည်​စီးသံ​တွေ  ကြားတိုင်း ​မောင်​ အိပ်​မ​ပျော်​ဘူး ​မေ
အဆင်​မ​ပြေ​သေးတဲ့ ဘဝမှာ ရုန်းကန်​ခြင်းကို ဦးစား​ပေးပြီး
နှလုံးသားရဲ့ လွမ်း​ရေးကို ​နောင်​ချန်​ထားခဲ့ရတာ
မေ ကို ​မောင်​ မချစ်​လို့ မဟုတ်​ခဲ့ပါဘူး
အ​နေ​ဝေး​ပေမယ်​ ​မောင်​ မေကိုယုံတယ်
မေနဲ့ ​မေအချစ်​ကို ဘယ်​​တော့မှ လျစ်​လျှူ မရှု့ဘူးဆိုတာ
မေ ယုံတယ်​ မဟုတ်​လား ​မေ
အခု​ဝေး​နေရတဲ့ ခဏဟာ အစဉ်​နီးဖို့ အတွက်
မောင်​ရဲ့ အလွမ်းမျက်​ရည်​​တွေကို အရင်းတည်​ပြီး
မောင်​ နှလုံးသားထဲ ကိန်း​အောင်း​နေတဲ့ ​မေက
မောင်​ရဲ့ ရင်​ခုန်​သံ တစ်​ချက်​စီတိုင်းမှာ ​နေရာယူထားတာပါ
မောင်​ အသက်​ထွက်​တဲ့ အထိ​ပေါ့ ​မေရယ်
   အဆင်​မ​ပြေ​သေးတဲ့ အ​ခြေ အ​နေ​တွေမှာ ​မောင်​တို့ နှစ်​​ယောက်
   သစ္စာတရား လက်​ကိုင်​ထားလို့  ကြုံလာသမျှ​ ​လောကဓံ ရဲ့ ရိုက်​ချက်​တိုင်း
   အလွမ်းဆိုတာက အ​ဝေး​ရောက်​​နေသူ အဖို့
   ရိုးရာ​တေး တစ်​ပုဒ်​ ဖြစ်​​နေလည်း
   ချစ်​ခြင်း​ သစ္စာ ​တွေသာ​ပေးပါ
   ရင်းနှီးပြီးသား  ​ကမ်းလက်​တစ်​စုံ ​တော့ ​တွေ့ချင်​တယ်​ ​မေ
                    အ​ဝေးတစ်​​နေရာက လွမ်း​နေသူ
                                                  အကြင်​နာ
                                             I miss you so much
                                               @@@                     
No comments:
Post a Comment