
Sunday, 30 December 2018

Thursday, 8 November 2018
ခိုဇီရောင် ကောက်ကြောင်း
အ၀င်အထွက်
အတက် အဆင်းတွေများတယ်၊
တစ်ခရီးတည်း အတူလာ
အတူသွား အတူစား
ပညတ်ချက်တော့ ကွဲလွဲ ........။
ကိုယ့်ကိုယ်ကို တော့ချစ်
စစ်တွေဖြစ် အတ္တမီးလျှံတွေကြား
မကြွေသင့်တာတွေ ကြွေ
မဝေသင့်တာတွေ ဝေနေရ .........။
အရှုပ်တွေ လုပ်နေတဲ့ လူတွေကြား
ရေးလိုက် ဖျက်လိုက်
ဖျက်လိုက် ရေးလိုက်နဲ့
သေမင်း လည်း အလုပ်တွေရှုပ်နေပြီ ........။
Wednesday, 7 November 2018
ရာသီလွန်ပန်းတစ်ပွင့်၏သံဝေဂ
(၁)
ဖြစ်ပြီးရင်ပျက်ရတယ်ပဲဆိုပါစို့...
အပျက်တရားနဲ့ဖူးပွင့်လာခဲ့တဲ့ ဧည့်သည်
ကျနော် ရှင်သန်တယ်
ထို့ကြောင့်...ကျနော်ရှိတယ်..။
ကျနော်ရှိတယ်။
ထို့ကြောင့် ...ကျနော်ရှင်သန်တယ် ။
ရှင်သန်ခြင်းအပိုင်းအစများကို
ဝါဒီနှစ်ခုကြား ချကျွေးရင်း တွေးရင်း ငေးရင်း
ဘာတစ်ခုမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ခဲ့ဘူး ။
ဝေးခဲ့ပြီ ဝေးသွားခဲ့ပြီ
လူဖြစ်ရခြင်း၏အဓိပ္ပါယ်ဘယ်ဆီမှာ...
(၂)
ဒါဟာ ရှောင်လွှဲမရနိုင်ဘူးပဲဆိုပါစို့...
စိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရတော့မည့်အချိန်
တောင်စွယ်မှာနေကွယ်လုပြီ ။
မရဏအနမ်း ထွေးပွေ့လာမှ
ဘ၀ကို တကူးတက ပြန်ဖတ်မိတယ် ။
နှောင်းလူတို့...ဆွတ်ယူစားသုံးစရာ
ငါ့ဥယျာဉ်မှာ သစ်သီး မသီးခဲ့ဘူး...
လက်ညှိုးထိုးညွှန်းပြစရာ ဘာတစ်ခုမှမကျန်ခဲ့ဘူး...
ငါ့ကိုခွင့်လွှတ်ပါ...ငါ့ကိုခွင့်လွှတ်ကြပါလေ...
(၃)
အမှားသည် အမှားတွေထဲကအမှားတစ်ခုပဲဆိုပါစို့...
ငါသည် အမှားလက္ခဏာများ၏သင်္ကေတ
ငါသည် အမှားလက္ခဏာများ၏ပုံရိပ်
ငါသည်အမှားလက္ခဏာများ၏မီးရှူးတန်ဆောင်
တစ်ကိုယ်ရည်လမ်းကျဉ်းကလေးသာ/အတ္တကလေးသာ
လူမွေးလူရောင်ပြောင်ခဲ့ရ...
ဘ၀မှာ အမှားကို အမှားနဲ့ဖာထေးရင်း
မှန်သယောင်ယောင်ဆောင်ခဲ့မိတာ/ထင်ခဲ့မိတာ အကြိမ်ကြိမ် အခါခါ
လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
ဘ၀ကို ဘ၀နဲ့ချီပြီး မှားခဲ့မိတဲ့နောက်တော့
မီးဇာကုန်၍ှချုပ်ငြိမ်းရတော့မည့်နောက်တော့
လူဖြစ်ရခြင်း၏အဓိပ္ပါယ်ဘယ်ဆီမှာ...
(၄)
ဒါတွေဟာ ဖြစ်တတ်ကြတယ်ပဲဆိုပါစို့...
ငါ့ကိုနားလည်ပေးပါ။
ငါ့ကိုခွင့်လွှတ်ကြပါ။
ဆန္ဒလေးတစ်ခု တောင်းဆိုခဲ့ပါရစေ...
ငါ့အတွက်တော့ မျက်ရည်မကျကြပါစေနဲ့...
ဘယ်သူတစ်ဦးတစ်ယောက်မှ ငါ့အတွက်မျက်ရည်မကျပါနဲ့
တစ်ပါးသူအတွက် မျက်ရည်ဟူသည်
ဝမ်းနည်းခြင်းကို ကိုယ်စားပြုသော
ကိုယ်ချင်းစာတရားကို ကိုယ်စားပြုသော
လူတော်လူကောင်းများဆုံးရှုံးရခြင်းအပေါ် တမ်းတခြင်းကို ကိုယ်စားပြုသော
အထက်တန်းကျသည့် ရေ ။
ဒါတွေငါနဲ့မတန်ပါလေ ။
(၅)
အစနဲ့အဆုံးရဲ့ပဋိပက္ခမှာ
နိဂုံးချုပ်ခြင်းနဲ့လွတ်မြောက်ခြင်းရဲ့ သံဝေဂမှာ
အစဉ်အလာတွေဘယ်လိုရှိရှိ
မခမ်းနားသောညသည်
အလင်္ကာမဲ့သောကဗျာတစ်ပုဒ်လို
အဖတ်ဆည်စရာစကားလုံး
ကြွေကျ...မြေခ...ကြေမွ..သွားခဲ့ရတဲ့နောက်
မခံချိမခံသာအပြုံးလေးပဲလက်ဆုပ်လက်ကိုင်ပြနိုင်ခဲ့ရတယ်...
နစ်မြုပ်ခဲ့ရပုံက ရင်နင့်စရာ ။
(၆)
ယှက်နွယ်ခဲ့သမျှ
စုတ်...ပြတ်...စို့...နင့်...
ခြေပစ်လက်ပစ်စာမျက်နှာများဆီ
အစွမ်းကုန်လောင်မြိုက်ပြီးမှ
ဘ၀ရဲ့ရေတိမ်ရေနက်ကိုသိခဲ့ရတယ်။
လူဖြစ်ရခြင်း၏အဓိပ္ပါယ် ဘယ်ဆီမှာ....

အခန်းဆက် အလွမ်းစက်
အဝေးပြေးကားတွေပေါ်
အဝေးပြေးဘဝတွေ ထိုင်ခုံလွတ်မရှိဘူး
ကျွတ်ကျခဲ့တဲ့ ဖိနပ်တစ်ဖက်ဟာ ငယ်ဘဝ ဆိုလား
အရှိန်နဲ့ တစ်မြို့ စီ ဖြတ်တယ်
အရိပ်မရလို့  ခုတ်ထစ်ခံ လိုက်ရတဲ့ လွတ်လပ်မှု
ကိုယ်စီ ပဲ့ထွက်ခဲ့ တစ်နယ်တကျေး
တွယ်ချိတ်ထားတဲ့စိတ်လည်း
မျက်ရည်စိုတာနဲ့  သံကြေးတက်လွယ်
ဘဝကို လရောင်နဲ့ ကြိုးညှိ ဖို့ 
လမ်းသွားလမ်းလာ အလန်းဇယားတွေမှာ
ငါတို့  အနံ့ တွေ ပါမလာတော့ဘူး
တီးမိခေါက်မိရုံ အသံမြည်နေတဲ့ ကမ္ဘာ
ရွာဆန်နေပုံက
တစ်ရွာတည်းနေတာတောင် တစ်ရေတည်းသောက်မရ
မင်းလည်း
မြဝတီ ဆိုလား
ဘန်ကောက် ဆိုလား
ရောက်တတ်ရာရာ တံတားဆောက်ဖို့ 
ငါလည်း
မြို့ ပြသစ်ကိုင်းမှာ ရာသီမရွေးကြွေ ဖို့ 
အသက်ကို အနုပညာနဲ့  ထုပ်ရင်း
ရင်ဘတ်အလွတ်မှာ စက်ရုံဆောက်လို့ 
ခေတ်က
ကိုယ်ပျောက်လေယာဉ်ခေတ်ဆိုတော့
ကိုယ်ပျောက် ကဗျာ တစ်ပုဒ်
သတ္တုဓါတ်များတဲ့ ငါ့အလွမ်းနဲ့ ထုတ်လုပ်လိုက်တယ် ။
ဆူးရဲ
Saturday, 3 November 2018
ခဏလေးပဲ အချိန်ပေးပါ ... !
ပကတိ ငြိမ်းချမ်းသော ဤကမ္ဘာမြေ
ရာသီဥတု သာယာ၍ -
ကံကြမ္မာဟာ တစ်ဦး တစ်ယောက်စီတိုင်းဘက်မှ -
မားမားမတ်မတ် ရပ်တည်ခဲ့သည် ..... ။
( ဒါက - မက်လက်စ အိပ်မက်အပိုင်းအစ )
လူတွေ ...
လူတွေ ... လူတွေ .....
မသိခြင်းတွေ ခင်းကျင်းထားတဲ့လမ်းမပေါ် -
နားမလည်စွာ လျှောက်သွားမိတဲ့ လူတွေ ...
မနေ့ကအမှားတွေနဲ့ နေသားကျလာတဲ့ ဘဝ
ဒီနေ့အတွက် အမှန်တရားကို ခုချိန်ထိရှာမတွေ့ခဲ့ရင် -
မနက်ဖြန်ဟာ အရင်လို အပျိုစင် မဟုတ်တော့ဘူး ...
ကျွန်တော်က ရင်ထဲရှိသလောက်ပဲ အရာထင်ချင်ခဲ့တာပါ -
အားလုံးသော ခလေးတွေအတွက် ခဏလေးတော့ အချိန်ပေး ဗျာ ... !
... ခ ဏ လေးပဲ အချိန်ပေးပါ ... !
သူတို့လေးတွေ ဘာကိုယုံကြည်ရမလဲ ... ?
သူတို့လေးတွေ ဘယ်လိုရှင်သန်နေထိုင်မလဲ ... ?
အခုလို အော်ပရေးရှင်းခန်းထဲကထွက်မလာသေးတဲ့ ကမ္ဘာမြေကြီးအတွက် -
Google search engine နဲ့ စာနာစိတ် ကို ရှာဖွေမိတယ် ..... ။ ။
အလင်းရိုင်း

ငါသုံးငါ
အတိတ်ဘဝကငါ…..
အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ
အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ
သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ
ငါရိတ်သိမ်းနေရ။
နောက်ဘဝ ဖြစ်မယ့်ငါ
ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ…..
အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ
အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ
ငါမမှတ်မိတော့မယ့် ငါမှာ
ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။
သေချာမမြင်နိုင်သေးတော့လည်း
နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။
အခုလက်ရှိငါ
ငါသန်းပေါင်းများစွာထဲက ငါပေါ့
ငါက…
အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။
ငါက
ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။
ငါက
တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။
ငါက
အပေးအယူလေးနဲ့ မှ
ပြေးကူဖေးမ လေ့ရှိတယ်။
ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့
အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။
လူ့ စိတ်ဆိုတာကလည်း
အချိန်နဲ့ အမျှပြောင်းနေတဲ့
အီကွေးရှင်းတကြောင်းလား?
မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။
ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။
ငါက
အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ
တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။
လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ
ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။
ဒီလိုနဲ ငါဟာ
အဖိုးတန်ရတနာတွေကို
တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး
နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။
ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို
ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက
ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။
တကယ်လို့ 
ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင်
ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။
နောက်ဆုံးတော့….
အမှုတရာနဲ့ 
အခုငါကို
စာတကြောင်းတည်းနဲ့ ပြောရရင်
ငါဟာ
ဗြောင်းဆန်အမှားတွေနဲ့ 
ပြောင်းပြန်သွားနေတဲ့ ရထား။
ကောင်းကင်ကို
Thursday, 6 September 2018
အမှားအယွင်း တွေ အောက်မှာ
လောက ၀ဋ် တွေ အကျေဆပ်ဖို. ပါလား
ဧည်.ခံ စကားလုံး အသေတွေ ပါလား
၉၈ က သူငယ်ချင်းလေးပါလား
ဒေါင့်မကျိုးတဲ. စိတ်ဓါတ်လေးတွေ ပါလာသလား
အဲဒီ အမှားအယွင်းတွေ အောက်မှာ..
ငါတို..တွေ............ တွေ့ဆုံကြသေးလား
ဒီလိုပါပဲ
နာကျင်မှု ဒဏ်ရာတွေက
လူသားသုံး ဘာသာစကားလို
ငါတို့ တွင်တွင်သုံးတတ်တယ်
ကမ္ဘာကြီး ရဲ. ရယ်သံက တိုးလိုက်တာဟာ
အဝေဆုံးထိ ခွဲခွာဖို.
အနီးဆုံးတွေ့ဆုံ ခိုနားခဲ့ ပြီး ပြီ ပဲ့
ကမ္ဘာကြီး ရဲ. ငိုသံက တိုးလိုက်တာ
နောက်ဆုံး ခွဲခွာချိန်ထိ
ကောင်းကင် တစ်ခုလုံး
ရင်အုံထဲ ထည်.....၀ှက်...သွား...ရှာ ..တယ်
ငါတို.
အဝေးဆုံးထိ ခွဲခွာဖို.
အနီးဆုံး တွေ.ဆုံ ခိုနားခဲ.ကြတယ်
ငါတို.
မှန် တချပ်ကို လိုအပ်နေတာလား
ပြတင်းပေါက် တခြမ်းစာ မရှိတဲ. ဘ၀ မှာ
ကိုယ်ဆန္ဒ နဲ. ကြယ်တွေ ခြွေချမိပြန်တယ်
ဘယ်ဟာ အဖြူ
ဘယ်ဟာ အမဲ လည်း
အရောင်တွေရဲ. ခံစားချက်မှာ
အတ္တတွေ ခါးလွန်းလို. ငါ မသဲကွဲ မိပြန်ဘူးဟာ

Subscribe to:
Posts (Atom)