Saturday 3 November 2018

ငါသုံးငါ အတိတ်ဘဝကငါ….. အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ ငါရိတ်သိမ်းနေရ။ နောက်ဘဝ ဖြစ်မယ့်ငါ ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ….. အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ ငါမမှတ်မိတော့မယ့် ငါမှာ ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။ သေချာမမြင်နိုင်သေးတော့လည်း နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။ အခုလက်ရှိငါ ငါသန်းပေါင်းများစွာထဲက ငါပေါ့ ငါက… အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။ ငါက ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။ ငါက တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။ ငါက အပေးအယူလေးနဲ့ မှ ပြေးကူဖေးမ လေ့ရှိတယ်။ ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့ အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။ လူ့ စိတ်ဆိုတာကလည်း အချိန်နဲ့ အမျှပြောင်းနေတဲ့ အီကွေးရှင်းတကြောင်းလား? မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။ ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။ ငါက အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။ လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။ ဒီလိုနဲ ငါဟာ အဖိုးတန်ရတနာတွေကို တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။ ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။ တကယ်လို့  ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင် ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။ နောက်ဆုံးတော့…. အမှုတရာနဲ့  အခုငါကို စာတကြောင်းတည်းနဲ့ ပြောရရင် ငါဟာ ဗြောင်းဆန်အမှားတွေနဲ့  ပြောင်းပြန်သွားနေတဲ့ ရထား။ ကောင်းကင်ကို

No comments:

Post a Comment