Saturday, 3 November 2018
ခဏလေးပဲ အချိန်ပေးပါ ... ! ပကတိ ငြိမ်းချမ်းသော ဤကမ္ဘာမြေ ရာသီဥတု သာယာ၍  - ကံကြမ္မာဟာ တစ်ဦး တစ်ယောက်စီတိုင်းဘက်မှ - မားမားမတ်မတ် ရပ်တည်ခဲ့သည် ..... ။ ( ဒါက - မက်လက်စ အိပ်မက်အပိုင်းအစ ) လူတွေ ... လူတွေ ... လူတွေ ..... မသိခြင်းတွေ ခင်းကျင်းထားတဲ့လမ်းမပေါ် - နားမလည်စွာ လျှောက်သွားမိတဲ့ လူတွေ ... မနေ့ကအမှားတွေနဲ့ နေသားကျလာတဲ့ ဘဝ ဒီနေ့အတွက် အမှန်တရားကို ခုချိန်ထိရှာမတွေ့ခဲ့ရင် - မနက်ဖြန်ဟာ အရင်လို အပျိုစင် မဟုတ်တော့ဘူး ... ကျွန်တော်က ရင်ထဲရှိသလောက်ပဲ အရာထင်ချင်ခဲ့တာပါ - အားလုံးသော ခလေးတွေအတွက် ခဏလေးတော့ အချိန်ပေး ဗျာ ... ! ... ခ ဏ လေးပဲ အချိန်ပေးပါ ... ! သူတို့လေးတွေ ဘာကိုယုံကြည်ရမလဲ ... ? သူတို့လေးတွေ ဘယ်လိုရှင်သန်နေထိုင်မလဲ ... ? အခုလို အော်ပရေးရှင်းခန်းထဲကထွက်မလာသေးတဲ့ ကမ္ဘာမြေကြီးအတွက် - Google search engine နဲ့ စာနာစိတ် ကို ရှာဖွေမိတယ် ..... ။       ။ အလင်းရိုင်း
ငါသုံးငါ အတိတ်ဘဝကငါ….. အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ ငါရိတ်သိမ်းနေရ။ နောက်ဘဝ ဖြစ်မယ့်ငါ ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ….. အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ ငါမမှတ်မိတော့မယ့် ငါမှာ ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။ သေချာမမြင်နိုင်သေးတော့လည်း နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။ အခုလက်ရှိငါ ငါသန်းပေါင်းများစွာထဲက ငါပေါ့ ငါက… အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။ ငါက ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။ ငါက တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။ ငါက အပေးအယူလေးနဲ့ မှ ပြေးကူဖေးမ လေ့ရှိတယ်။ ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့ အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။ လူ့ စိတ်ဆိုတာကလည်း အချိန်နဲ့ အမျှပြောင်းနေတဲ့ အီကွေးရှင်းတကြောင်းလား? မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။ ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။ ငါက အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။ လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။ ဒီလိုနဲ ငါဟာ အဖိုးတန်ရတနာတွေကို တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။ ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။ တကယ်လို့  ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင် ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။ နောက်ဆုံးတော့…. အမှုတရာနဲ့  အခုငါကို စာတကြောင်းတည်းနဲ့ ပြောရရင် ငါဟာ ဗြောင်းဆန်အမှားတွေနဲ့  ပြောင်းပြန်သွားနေတဲ့ ရထား။ ကောင်းကင်ကို
Thursday, 6 September 2018
အိပ်​မက်​ဆိုတာ မက်​ခွင့်​ ရှိ​နေတုန်း ခဏပါပဲ့ နိုးထလာတဲ့ အချိန်​မှာ​တော့ အမှတ်​တရ တစ်​ခုကလွဲလို့ ဘာမှ ဖြစ်​မလာခဲ့ပါဘူး တခါ တခါ ဆို ​မေ့​တောင်​ ​မေ့​သွား​သေးတယ်​ ဟုတ်​တယ်​​နော် လက်​ရှိ ငါပိုင်​ဆိုင်​တယ်​ ဆိုတာ​တွေဟာလည်း အိပ်​မက်​ တစ်​ပုဒ်​ပါပဲ့ မယုံရင်​ အစမ်း​သေကြည့်​ပါလား
အမှားအယွင်း တွေ အောက်မှာ လောက ၀ဋ် တွေ အကျေဆပ်ဖို. ပါလား ဧည်.ခံ စကားလုံး အသေတွေ ပါလား ၉၈ က သူငယ်ချင်းလေးပါလား ဒေါင့်မကျိုးတဲ. စိတ်ဓါတ်လေးတွေ ပါလာသလား အဲဒီ အမှားအယွင်းတွေ အောက်မှာ.. ငါတို..တွေ............ တွေ့ဆုံကြသေးလား ဒီလိုပါပဲ နာကျင်မှု ဒဏ်ရာတွေက လူသားသုံး ဘာသာစကားလို ငါတို့ တွင်တွင်သုံးတတ်တယ် ကမ္ဘာကြီး ရဲ. ရယ်သံက တိုးလိုက်တာဟာ အဝေဆုံးထိ ခွဲခွာဖို. အနီးဆုံးတွေ့ဆုံ ခိုနားခဲ့ ပြီး ပြီ ပဲ့ ကမ္ဘာကြီး ရဲ. ငိုသံက တိုးလိုက်တာ ​နောက်​ဆုံး ခွဲခွာချိန်​ထိ ကောင်းကင် တစ်ခုလုံး ရင်အုံထဲ ထည်.....၀ှက်...သွား...ရှာ ..တယ်​ ငါတို. အဝေးဆုံးထိ ခွဲခွာဖို. အနီးဆုံး တွေ.ဆုံ ခိုနားခဲ.ကြတယ်​ ငါတို. မှန် တချပ်ကို လိုအပ်နေတာလား ပြတင်းပေါက် တခြမ်းစာ မရှိတဲ. ဘ၀ မှာ ကိုယ်ဆန္ဒ နဲ. ကြယ်တွေ ခြွေချမိပြန်တယ် ဘယ်ဟာ အဖြူ ဘယ်ဟာ အမဲ လည်း အရောင်တွေရဲ. ခံစားချက်မှာ အတ္တတွေ ခါးလွန်းလို. ငါ မသဲကွဲ မိပြန်ဘူးဟာ
Tuesday, 7 March 2017
သဲလွန်​စ ​တွေကို ရှာ​တွေ့မှာပဲ့ ဆိုတာ သံသယ ဖြစ်​စရာ မလိုဘူး
________________________
သာမန်ဖြစ်စဉ်တစ်ခုအဖြစ် တွေဝေမှုတစ်ခုခုအပေါ် ကိုယ်စားပြုပြီးသားဖြစ်နေတတ်သတဲ။့ ချစ်ခြင်းမေတ္တာတွေကို မိတ္တူပွားပြီး လိုက်ဝေနေသလား ။
အရပ်ရှစ်မျက်နှာလုံးနာမကျန်းဖြစ်တော့မယ်။
ခံစားချက်ဆိုတာလည်း လူကလုပ်တဲ့အတွေးအခေါ် ။
နေရခက်ခဲတဲ့အခါ ထိတွေ့ခံစားမိတဲ့အာရုံတိုင်းဟာ နိဗ္ဗာန်ပဲ မှတ်ယူသင့်တယ်မို့လား။
ပြက္ခဒိန်ကို ကြည့်တယ်ဆိုတာ ဒဏ်ရာတွေရေတွက်တာပဲ။
ပြက္ခဒိန် ကြည့်တယ်ဆိုတါ ဘာသာရေးလုပ်တာပဲ ။
ပြက္ခဒိန် ကြည့်တယ်ဆိုတာ အမှန်တရားရဲ့အနားသတ်ကို ပေတံနဲ့တိုင်းတာတာပဲ။
ပြန်အမ်းလို့မရတဲ့ ဒဏ်ရာတွေကိုပဲ ငါ တရားမှတ်ပါတယ်။
မတော်တဆ ဘလိတ်ဓားဟာ ငါ့ လက်ကောက်ဝတ်ပေါ် လာနားတယ်။
ဘလိုင်းကြီး ၀ဋ်လိုက်ခံရတာပဲ။
ဘဝင်မကျစရာတွေကအများကြီးပဲ အသက်ရှူကြပ်တယ်။
မရဏဟာ အဆုံးစွန်ခံစားမှုတစ်မျိုးနဲ့။  ချစ်စရာကောင်းတဲ့ဗီလိန် ငါတွေ့ခဲ့တယ် ။
ရောရောထွေးထွေး ၊ ငရဲ ၊အကုသိုလ် ၊ သံဝေဂဥာဏ် ၊ သံသရာ ။
နာကျင် အချိန်ပိုဟာဘယ်အရက်ဆိုင်က ထ လာတာလဲ ။
သေခြင်းသာလျှင် နေပျော်တဲ့ ဘ၀။
ငါ့ဖြစ်တည်မှုကို ရိုတ်ချိုးမိတော့မယ်။
ဆု​တောင်းစကား
အပြုံးကိုဖိတ်​ အမုန်းပိတ်​၍
အရူံးအမြတ်​ မထည့်​တွက်​ပဲ
နှလုံးရင်​မှာ ဖြူစင်​စွာဖြင့်
မေတ္တာ​ရေစီး ချစ်​ခရီးမှာ
နှစ်​ကိုယ်​လက်​မြဲ တူယှဉ်​တွဲ၍
အ​အေးအပူ အတားဟူသမျှ
တူနှစ်​ကိုယ်​မျက်​နှာ ကြည့်​ရှူကာဖြင့်
ကျော်​လွားဖြတ်​သန်း မငြီးစတမ်းမို့
ချစ်​လမ်းခရီးမှာ ဆူးခင်းလာလဲ
ပန်းခင်းထားလို အတူနင်း​ခြေ
သစ္စာ​မြေမှာ ချစ်​အိမ်​​လေး​ဆောက်
နှစ်​​ယောက်​ဘဝ စွယ်​​တော်​ရွက်​သို့
လှပ​စေ​ကြောင်း ဆုမွန်​​တောင်းရင်း
ချစ်​သူတိုင်းလည်​ ညားပါ​စေ~~~~~
Monday, 20 February 2017
ထွက်​​ပေါက်
ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....
ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့သေးတာပဲ
ငါ့ရင်ဘတ်မှာလဲ ဖြတ်ထုတ်ရခက်
အတက် တစ်ခု ထွက်ခဲ့ပြီလေ
မင်းကြောင့်ပေါ့ မိန်းကလေးရယ် ...
အားမတန် မာန်လျှော့ ဆိုပေမဲ့
အသွားအပြန်တော့ ရှိသင့်ရဲ့
မနက်ဖြန်ဆိုတာ ဘာမှန်း မသိတဲ့ဘ၀မှာ
အသေအချာ ရှိတာက အလွမ်းစုတို့ ...
အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....
ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....
ဘာမှ မထားချင်ဘူး
ရပင့်နဲ့ ဝေးနေတဲ့ဘ၀မို့
ရရစ်ကို အဖော်ညှိ
ဓါးစာခံ အဖြူရောင် နတ်သမီးတို့ သိတယ် ....
တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....