Tuesday 2 September 2014

အချစ်​ ဦး

"အချစ်ဦး".....တဲ့
ရူးခဲ့ရတာကဆယ်ကျော်သက်
အရိုင်းဆန်တဲ့ရင်ခုန်သံတွေနဲ့
သက်ဆုံးတိုင်လို့ရည်စူး
ရူးရူးမူးမူးနဲ့ကိုချစ်ခဲ့ရတာပါ....။
ပေးဆပ်ခြင်ဆိုတာကိုလည်းမသိ
ပိုင်ဆိုင်ခြင်းဆိုတာကိုလည်းနားမလည်
မြင်နေယုံလေးနဲ့ရင်ခုန်သံတွေက
နွေးနေရတာပါ.....။
ဘ၀မှာမဖြစ်တည်ဖူးတဲ့
ရင်ခုန်ခြင်းတွေက'သူနဲ့မှဆိုပြီး'
အနက်ရှိုင်းဆုံးတနေရာအထိ
စူးနစ်ခဲ့ဖူးတယ်......။
ငယ်သူတို့ရဲ့ချစ်ခြင်းမို့
ဆုံစည်းခြင်းဆိုတာ
ဘယ်လိုအဆုံးသတ်မှန်မသိနိုင်ပေမဲ့
မျှော်လင့်ခြင်းများစွာနဲ့
မနက်ဖြန်တွေတိုင်းကို
သူနဲ့ပက်သက်ခဲ့ပြီးမှ
ရူးခဲ့မိတာပါ.....။

အလွမ်းလွမ်း

No comments:

Post a Comment