Monday, 17 February 2020
Depression1 Nothing. I knew something was wrong The end is because they fear something will turn out to be someone I was living without knowing what to expect Knowledge is more than just a state of mind
The truth that is swallowed up Wildfire After the fire It's all over here. Life Light brown The backlash is: There is no trace of backsliding. For not dying Find an answer box Get the facts. ”
Sunday, 30 December 2018
           ချပ်....ချပ်.........ချပ်...နဲ့အချိန် နာရီတွေကသက္ကရာဇ်  2018 ကို တစ်ရွှေ့ရွှေ့နဲ့ကုန်လွန်ခဲ့ပြီး သူငယ်ချင်းတို့ရေ ငါတို့တစ်တွေရဲ့ကျန်ခဲ့တဲ့ အတိတ်ကာလမှာ စိတ်ပျက်ဝမ်းနဲစရာတွေ ရှိခြင်ရှိခဲ့မယ်.... ပေးဆပ်ခဲ့ရတာ     နာကျည်းခဲ့ရတာတွေ ရှိခဲ့မယ်    မလုပ်ခဲ့  မပြတ်​သားခဲ့တာတွေ အဆင်မပြေမူတွေနဲ့    ပူလောင်သောကတွေ ရှိခဲ့ပါရဲ့ .... မင်းဘာမှစိတ်ဓာတ်မကျလိုက်နဲ့ သူငယ်ချင်း   လောကကြီးမှာ   အဆိုးနဲ့အကောင်း ကဒွန်တွဲနေသလို ခရောင်းလမ်းတွေ   ပြီးရင်  ပန်းခင်းသောလမ်းပေါ့ ငါတို့တစ်တွေရဲ့ဘဝမှာ  အမှားတွေရှိခဲ့ရင်လည်း ပြင်ဆင်ဖို့အချိန်ကနောက်မကျသေးပါဘူး သက္ကရာဇ်    2019 မှာ ငါတို့တစ်တွေ ဘဝကိုအကျိုးရှိရှိအသုံးချပြီး အောင်မြင်မူ  တွေ  ဆွတ်ခူးဖို့အတွတ် စိတ်သစ်  လူသစ်နဲ့ 2019 ......ဆိုတဲ့  နှစ်သစ်ကိုကြိုဆိုရင်း အပြုံးပန်းတွေ   အားမာန်စိတ်ထားတွေနဲ့ ငါတို့တစ်တွေ     အတူတူ လျှောက်လှမ်းကြရအောင်  ...          ..............သူငယ်ချင်းအားလုံးကိုဒီနေရာလေးကနေဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်    ကောင်းသောနှစ်သစ်ကူးလေးကိုအားလုံးသောသူငယ်ချင်းတို့ ပိုင်ဆိုင်ကျပါစေလို့ဆန္ဒပြုလိုက်ပါတယ်
Thursday, 8 November 2018
ခိုဇီ​ရောင်​ ​ကောက်​​ကြောင်း
အ၀င်အထွက် အတက် အဆင်းတွေများတယ်၊ တစ်ခရီးတည်း အတူလာ အတူသွား အတူစား ပညတ်ချက်တော့ ကွဲလွဲ ........။ ကိုယ့်ကိုယ်ကို တော့ချစ် စစ်တွေဖြစ် အတ္တမီးလျှံတွေကြား မကြွေသင့်တာတွေ ကြွေ မဝေသင့်တာတွေ ဝေနေရ .........။ အရှုပ်တွေ လုပ်နေတဲ့ လူတွေကြား ရေးလိုက် ဖျက်လိုက် ဖျက်လိုက် ရေးလိုက်နဲ့ သေမင်း လည်း အလုပ်တွေရှုပ်နေပြီ ........။
Wednesday, 7 November 2018
ရာသီလွန်ပန်းတစ်ပွင့်၏သံဝေဂ (၁) ဖြစ်ပြီးရင်ပျက်ရတယ်ပဲဆိုပါစို့...  အပျက်တရားနဲ့ဖူးပွင့်လာခဲ့တဲ့ ဧည့်သည်  ကျနော် ရှင်သန်တယ်  ထို့ကြောင့်...ကျနော်ရှိတယ်..။  ကျနော်ရှိတယ်။  ထို့ကြောင့် ...ကျနော်ရှင်သန်တယ် ။  ရှင်သန်ခြင်းအပိုင်းအစများကို  ၀ါဒီနှစ်ခုကြား ချကျွေးရင်း တွေးရင်း ငေးရင်း  ဘာတစ်ခုမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ခဲ့ဘူး ။  ဝေးခဲ့ပြီ ဝေးသွားခဲ့ပြီ  လူဖြစ်ရခြင်း၏အဓိပ္ပါယ်ဘယ်ဆီမှာ...  (၂)  ဒါဟာ ရှောင်လွှဲမရနိုင်ဘူးပဲဆိုပါစို့...  စိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရတော့မည့်အချိန်  တောင်စွယ်မှာနေကွယ်လုပြီ ။  မရဏအနမ်း ထွေးပွေ့လာမှ  ဘ၀ကို တကူးတက ပြန်ဖတ်မိတယ် ။  နှောင်းလူတို့...ဆွတ်ယူစားသုံးစရာ  ငါ့ဥယျာဉ်မှာ သစ်သီး မသီးခဲ့ဘူး...  လက်ညှိုးထိုးညွှန်းပြစရာ ဘာတစ်ခုမှမကျန်ခဲ့ဘူး...  ငါ့ကိုခွင့်လွှတ်ပါ...ငါ့ကိုခွင့်လွှတ်ကြပါလေ...  (၃)  အမှားသည် အမှားတွေထဲကအမှားတစ်ခုပဲဆိုပါစို့...  ငါသည် အမှားလက္ခဏာများ၏သင်္ကေတ  ငါသည် အမှားလက္ခဏာများ၏ပုံရိပ်  ငါသည်အမှားလက္ခဏာများ၏မီးရှူးတန်ဆောင်  တစ်ကိုယ်ရည်လမ်းကျဉ်းကလေးသာ/အတ္တကလေးသာ  လူမွေးလူရောင်ပြောင်ခဲ့ရ...  ဘ၀မှာ အမှားကို အမှားနဲ့ဖာထေးရင်း  မှန်သယောင်ယောင်ဆောင်ခဲ့မိတာ/ထင်ခဲ့မိတာ အကြိမ်ကြိမ် အခါခါ  လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးဆိုပေမယ့်  ဘ၀ကို ဘ၀နဲ့ချီပြီး မှားခဲ့မိတဲ့နောက်တော့  မီးဇာကုန်၍ှချုပ်ငြိမ်းရတော့မည့်နောက်တော့  လူဖြစ်ရခြင်း၏အဓိပ္ပါယ်ဘယ်ဆီမှာ...  (၄)  ဒါတွေဟာ ဖြစ်တတ်ကြတယ်ပဲဆိုပါစို့...  ငါ့ကိုနားလည်ပေးပါ။  ငါ့ကိုခွင့်လွှတ်ကြပါ။  ဆန္ဒလေးတစ်ခု တောင်းဆိုခဲ့ပါရစေ...  ငါ့အတွက်တော့ မျက်ရည်မကျကြပါစေနဲ့...  ဘယ်သူတစ်ဦးတစ်ယောက်မှ ငါ့အတွက်မျက်ရည်မကျပါနဲ့  တစ်ပါးသူအတွက် မျက်ရည်ဟူသည်  ၀မ်းနည်းခြင်းကို ကိုယ်စားပြုသော  ကိုယ်ချင်းစာတရားကို ကိုယ်စားပြုသော  လူတော်လူကောင်းများဆုံးရှုံးရခြင်းအပေါ် တမ်းတခြင်းကို ကိုယ်စားပြုသော  အထက်တန်းကျသည့် ရေ ။  ဒါတွေငါနဲ့မတန်ပါလေ ။  (၅)  အစနဲ့အဆုံးရဲ့ပဋိပက္ခမှာ  နိဂုံးချုပ်ခြင်းနဲ့လွတ်မြောက်ခြင်းရဲ့ သံဝေဂမှာ  အစဉ်အလာတွေဘယ်လိုရှိရှိ  မခမ်းနားသောညသည်  အလင်္ကာမဲ့သောကဗျာတစ်ပုဒ်လို  အဖတ်ဆည်စရာစကားလုံး  ကြွေကျ...မြေခ...ကြေမွ..သွားခဲ့ရတဲ့နောက်  မခံချိမခံသာအပြုံးလေးပဲလက်ဆုပ်လက်ကိုင်ပြနိုင်ခဲ့ရတယ်...  နစ်မြုပ်ခဲ့ရပုံက ရင်နင့်စရာ ။  (၆)  ယှက်နွယ်ခဲ့သမျှ  စုတ်...ပြတ်...စို့...နင့်...  ခြေပစ်လက်ပစ်စာမျက်နှာများဆီ  အစွမ်းကုန်လောင်မြိုက်ပြီးမှ  ဘ၀ရဲ့ရေတိမ်ရေနက်ကိုသိခဲ့ရတယ်။  လူဖြစ်ရခြင်း၏အဓိပ္ပါယ် ဘယ်ဆီမှာ.... 
ကိုယ်နဲ့ဝေးဝေးမှာ ပျော်နေပါတယ် သတင်းစကားများကြားတော့ မချိမဆန့်နဲ့ပဲ ပျော်နေလိုက်ရပြန်ပါတယ်ဆိုတဲ့ အကြောင်း ... ။ ။
Saturday, 3 November 2018
ခဏလေးပဲ အချိန်ပေးပါ ... ! ပကတိ ငြိမ်းချမ်းသော ဤကမ္ဘာမြေ ရာသီဥတု သာယာ၍  - ကံကြမ္မာဟာ တစ်ဦး တစ်ယောက်စီတိုင်းဘက်မှ - မားမားမတ်မတ် ရပ်တည်ခဲ့သည် ..... ။ ( ဒါက - မက်လက်စ အိပ်မက်အပိုင်းအစ ) လူတွေ ... လူတွေ ... လူတွေ ..... မသိခြင်းတွေ ခင်းကျင်းထားတဲ့လမ်းမပေါ် - နားမလည်စွာ လျှောက်သွားမိတဲ့ လူတွေ ... မနေ့ကအမှားတွေနဲ့ နေသားကျလာတဲ့ ဘဝ ဒီနေ့အတွက် အမှန်တရားကို ခုချိန်ထိရှာမတွေ့ခဲ့ရင် - မနက်ဖြန်ဟာ အရင်လို အပျိုစင် မဟုတ်တော့ဘူး ... ကျွန်တော်က ရင်ထဲရှိသလောက်ပဲ အရာထင်ချင်ခဲ့တာပါ - အားလုံးသော ခလေးတွေအတွက် ခဏလေးတော့ အချိန်ပေး ဗျာ ... ! ... ခ ဏ လေးပဲ အချိန်ပေးပါ ... ! သူတို့လေးတွေ ဘာကိုယုံကြည်ရမလဲ ... ? သူတို့လေးတွေ ဘယ်လိုရှင်သန်နေထိုင်မလဲ ... ? အခုလို အော်ပရေးရှင်းခန်းထဲကထွက်မလာသေးတဲ့ ကမ္ဘာမြေကြီးအတွက် - Google search engine နဲ့ စာနာစိတ် ကို ရှာဖွေမိတယ် ..... ။       ။ အလင်းရိုင်း
ငါသုံးငါ အတိတ်ဘဝကငါ….. အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ ငါရိတ်သိမ်းနေရ။ နောက်ဘဝ ဖြစ်မယ့်ငါ ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ….. အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ ငါမမှတ်မိတော့မယ့် ငါမှာ ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။ သေချာမမြင်နိုင်သေးတော့လည်း နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။ အခုလက်ရှိငါ ငါသန်းပေါင်းများစွာထဲက ငါပေါ့ ငါက… အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။ ငါက ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။ ငါက တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။ ငါက အပေးအယူလေးနဲ့ မှ ပြေးကူဖေးမ လေ့ရှိတယ်။ ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့ အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။ လူ့ စိတ်ဆိုတာကလည်း အချိန်နဲ့ အမျှပြောင်းနေတဲ့ အီကွေးရှင်းတကြောင်းလား? မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။ ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။ ငါက အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။ လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။ ဒီလိုနဲ ငါဟာ အဖိုးတန်ရတနာတွေကို တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။ ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။ တကယ်လို့  ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင် ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။ နောက်ဆုံးတော့…. အမှုတရာနဲ့  အခုငါကို စာတကြောင်းတည်းနဲ့ ပြောရရင် ငါဟာ ဗြောင်းဆန်အမှားတွေနဲ့  ပြောင်းပြန်သွားနေတဲ့ ရထား။ ကောင်းကင်ကို
Thursday, 6 September 2018
အိပ်​မက်​ဆိုတာ မက်​ခွင့်​ ရှိ​နေတုန်း ခဏပါပဲ့ နိုးထလာတဲ့ အချိန်​မှာ​တော့ အမှတ်​တရ တစ်​ခုကလွဲလို့ ဘာမှ ဖြစ်​မလာခဲ့ပါဘူး တခါ တခါ ဆို ​မေ့​တောင်​ ​မေ့​သွား​သေးတယ်​ ဟုတ်​တယ်​​နော် လက်​ရှိ ငါပိုင်​ဆိုင်​တယ်​ ဆိုတာ​တွေဟာလည်း အိပ်​မက်​ တစ်​ပုဒ်​ပါပဲ့ မယုံရင်​ အစမ်း​သေကြည့်​ပါလား
အမှားအယွင်း တွေ အောက်မှာ လောက ၀ဋ် တွေ အကျေဆပ်ဖို. ပါလား ဧည်.ခံ စကားလုံး အသေတွေ ပါလား ၉၈ က သူငယ်ချင်းလေးပါလား ဒေါင့်မကျိုးတဲ. စိတ်ဓါတ်လေးတွေ ပါလာသလား အဲဒီ အမှားအယွင်းတွေ အောက်မှာ.. ငါတို..တွေ............ တွေ့ဆုံကြသေးလား ဒီလိုပါပဲ နာကျင်မှု ဒဏ်ရာတွေက လူသားသုံး ဘာသာစကားလို ငါတို့ တွင်တွင်သုံးတတ်တယ် ကမ္ဘာကြီး ရဲ. ရယ်သံက တိုးလိုက်တာဟာ အဝေဆုံးထိ ခွဲခွာဖို. အနီးဆုံးတွေ့ဆုံ ခိုနားခဲ့ ပြီး ပြီ ပဲ့ ကမ္ဘာကြီး ရဲ. ငိုသံက တိုးလိုက်တာ ​နောက်​ဆုံး ခွဲခွာချိန်​ထိ ကောင်းကင် တစ်ခုလုံး ရင်အုံထဲ ထည်.....၀ှက်...သွား...ရှာ ..တယ်​ ငါတို. အဝေးဆုံးထိ ခွဲခွာဖို. အနီးဆုံး တွေ.ဆုံ ခိုနားခဲ.ကြတယ်​ ငါတို. မှန် တချပ်ကို လိုအပ်နေတာလား ပြတင်းပေါက် တခြမ်းစာ မရှိတဲ. ဘ၀ မှာ ကိုယ်ဆန္ဒ နဲ. ကြယ်တွေ ခြွေချမိပြန်တယ် ဘယ်ဟာ အဖြူ ဘယ်ဟာ အမဲ လည်း အရောင်တွေရဲ. ခံစားချက်မှာ အတ္တတွေ ခါးလွန်းလို. ငါ မသဲကွဲ မိပြန်ဘူးဟာ
Tuesday, 7 March 2017
သဲလွန်​စ ​တွေကို ရှာ​တွေ့မှာပဲ့ ဆိုတာ သံသယ ဖြစ်​စရာ မလိုဘူး
________________________
သာမန်ဖြစ်စဉ်တစ်ခုအဖြစ် တွေဝေမှုတစ်ခုခုအပေါ် ကိုယ်စားပြုပြီးသားဖြစ်နေတတ်သတဲ။့ ချစ်ခြင်းမေတ္တာတွေကို မိတ္တူပွားပြီး လိုက်ဝေနေသလား ။
အရပ်ရှစ်မျက်နှာလုံးနာမကျန်းဖြစ်တော့မယ်။
ခံစားချက်ဆိုတာလည်း လူကလုပ်တဲ့အတွေးအခေါ် ။
နေရခက်ခဲတဲ့အခါ ထိတွေ့ခံစားမိတဲ့အာရုံတိုင်းဟာ နိဗ္ဗာန်ပဲ မှတ်ယူသင့်တယ်မို့လား။
ပြက္ခဒိန်ကို ကြည့်တယ်ဆိုတာ ဒဏ်ရာတွေရေတွက်တာပဲ။
ပြက္ခဒိန် ကြည့်တယ်ဆိုတါ ဘာသာရေးလုပ်တာပဲ ။
ပြက္ခဒိန် ကြည့်တယ်ဆိုတာ အမှန်တရားရဲ့အနားသတ်ကို ပေတံနဲ့တိုင်းတာတာပဲ။
ပြန်အမ်းလို့မရတဲ့ ဒဏ်ရာတွေကိုပဲ ငါ တရားမှတ်ပါတယ်။
မတော်တဆ ဘလိတ်ဓားဟာ ငါ့ လက်ကောက်ဝတ်ပေါ် လာနားတယ်။
ဘလိုင်းကြီး ၀ဋ်လိုက်ခံရတာပဲ။
ဘဝင်မကျစရာတွေကအများကြီးပဲ အသက်ရှူကြပ်တယ်။
မရဏဟာ အဆုံးစွန်ခံစားမှုတစ်မျိုးနဲ့။  ချစ်စရာကောင်းတဲ့ဗီလိန် ငါတွေ့ခဲ့တယ် ။
ရောရောထွေးထွေး ၊ ငရဲ ၊အကုသိုလ် ၊ သံဝေဂဥာဏ် ၊ သံသရာ ။
နာကျင် အချိန်ပိုဟာဘယ်အရက်ဆိုင်က ထ လာတာလဲ ။
သေခြင်းသာလျှင် နေပျော်တဲ့ ဘ၀။
ငါ့ဖြစ်တည်မှုကို ရိုတ်ချိုးမိတော့မယ်။
ဆု​တောင်းစကား
အပြုံးကိုဖိတ်​ အမုန်းပိတ်​၍
အရူံးအမြတ်​ မထည့်​တွက်​ပဲ
နှလုံးရင်​မှာ ဖြူစင်​စွာဖြင့်
မေတ္တာ​ရေစီး ချစ်​ခရီးမှာ
နှစ်​ကိုယ်​လက်​မြဲ တူယှဉ်​တွဲ၍
အ​အေးအပူ အတားဟူသမျှ
တူနှစ်​ကိုယ်​မျက်​နှာ ကြည့်​ရှူကာဖြင့်
ကျော်​လွားဖြတ်​သန်း မငြီးစတမ်းမို့
ချစ်​လမ်းခရီးမှာ ဆူးခင်းလာလဲ
ပန်းခင်းထားလို အတူနင်း​ခြေ
သစ္စာ​မြေမှာ ချစ်​အိမ်​​လေး​ဆောက်
နှစ်​​ယောက်​ဘဝ စွယ်​​တော်​ရွက်​သို့
လှပ​စေ​ကြောင်း ဆုမွန်​​တောင်းရင်း
ချစ်​သူတိုင်းလည်​ ညားပါ​စေ~~~~~
Monday, 20 February 2017
ထွက်​​ပေါက်
ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....
ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့သေးတာပဲ
ငါ့ရင်ဘတ်မှာလဲ ဖြတ်ထုတ်ရခက်
အတက် တစ်ခု ထွက်ခဲ့ပြီလေ
မင်းကြောင့်ပေါ့ မိန်းကလေးရယ် ...
အားမတန် မာန်လျှော့ ဆိုပေမဲ့
အသွားအပြန်တော့ ရှိသင့်ရဲ့
မနက်ဖြန်ဆိုတာ ဘာမှန်း မသိတဲ့ဘ၀မှာ
အသေအချာ ရှိတာက အလွမ်းစုတို့ ...
အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....
ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....
ဘာမှ မထားချင်ဘူး
ရပင့်နဲ့ ဝေးနေတဲ့ဘ၀မို့
ရရစ်ကို အဖော်ညှိ
ဓါးစာခံ အဖြူရောင် နတ်သမီးတို့ သိတယ် ....
တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....
ရင်​ကွဲ
ရင်ကွဲ
ခွမ်း .......
..............
..............
တစ်စုံတစ်ခု ထိခိုက်မှုဖြစ်သွားနိုင်သလို
တစ်စုံတစ်ခု ကွဲရှသွားသည်လည်း ဖြစ်နိုင်သည် ...
ပတ်ဝန်းကျင်ကို စေ့စပ်သေချာသော
စူးစမ်းရှာဖွေမှုပြုပြီးသည်နောက်
ထိုအသံကို အဖြေပေးနိုင်သည့်
တစ်စုံတရာသော အကြောင်းအရာမှ မတွေ့ခဲ့ရ ....
သင်္ကာမကင်း ...
သူ့ရင်တွင်း ငုံအကြည့်
တိခနဲ မဟုတ်သော အက်ကွဲကြောင်းတစ်ခုနှင့်
ဘယ်ဘက်ရင်အုံမှ နှလုံးသား ....
မေ့လိုက်ပါတော့ ဆိုတာ
မြန်မာလို ရေတွက်ကြည့်တော့
စာကားလုံး လေးလုံးတည်းရယ်ပါ ...
ဒါပေမဲ့ ...
အဲဒီစကားလုံး လေးလုံးရဲ့အောက်
လူတစ်ယောက်မှာ
အ သက် ပျောက် လု မ တက် .... ။
&&&&&&&
Thursday, 21 January 2016
သူငယ်​ချင်း ​ပေးတဲ့ ကဗျာ
ပြောလက်စ စကားတွေမကုန်ခင် 
ရေးလက်စ စာတွေမဆုံးခင် 
ဆိုလက်စတေးသွားလေး မဆုံးခင် 
ဆွဲလက်စ စုတ်ချက်တွေ မပီပြင်သေးခင် 
ငါတို့တွေ ဝေးဝေးသွား…။ 
သူငယ်ချင်းရေ … 
ကျန်းမာရေးဂရုစိုက်ပါ 
နွေးနွေးထွေးထွေးနေပါ 
အစားအသောက်ဆင်ခြင်ပါ။ 
မင်းအားငယ်နေတဲ့အခါ 
ငါပြောဘူးတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။ 
မင်းဘေးမှာငါမရှိလည်း ငါပြောခဲ့တဲ့စကားတွေက 
အရိပ်လိုမင်းဘေးမှာရှိနေတယ်။ 
မင်း 
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင် 
ရှုရှိုက်လိုက်ပါ။ 
ဘ၀ဆိုတာက 
ဝိုင်းကြီးပက်ပက်လေ 
ငါတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချသ၍ 
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။ 
မင်းနဲ့ငါက 
ခဏလေးဝေးတာပါ 
မင်းရင်မှာငါဆိုတဲ့ 
အတ္တကြီးတဲ့ကောင်လေးရှိနေသလို။ 
ငါ့ရင်မှာလည်း အရမ်းအားငယ်တတ်တဲ့ 
ချစ်ဖို့ကောင်းတဲ့ 
သူငယ်ချင်းလေးရှိနေရဲ့လေ။ 
တစ်ခါတစ်ခါ 
သံယောဇဉ်တွေကိုစည်းကမ်းပိုပိုချတတ်တဲ့ငါက 
မင်းထင်သလို မင်းအပေါ်သံယောဇဉ်တွေ 
လျှော့သွားမှာမဟုတ်ပါဘူးကွာ
ငါက ၂၄ နာရီပတ်လုံး 
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ် 
ဝေဒနာနဲ့ ခံစားချက်တွေက 
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူး
ကြေကွဲဖြစ်တိုင်း 
နာကျင်မိတိုင်း 
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ်ဟစ်အော် 
ငါ့လည်ချောင်းတွေလည်းကွဲရှနေခဲ့ပြီ
ပြောလက်စစကားတွေမကုန်ခင် 
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့
သူငယ်ချင်း
မင်းနဲ့ငါက 
ပေတီးတူတူ မလှိမ့်ဘူးပါဘူး 
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး 
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး။ 
ဒါပေမဲ့.. 
ငါ့နံနက်ခင်းတိုင်းမှာမင်းရှိတယ် 
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ် 
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ် 
ငါ့အပေါ်မင်းအရိပ်တွေက ထီးလိုမိုးထားရဲ့ဆိုတာ 
မင်းယုံကြည်ပါ။ 
ငယ်ငယ်တည်းက 
နှုတ်ဆက်လက်ပြဖို့ဆိုရင်မဆိုင်ရဲခဲ့တဲ့ကောင်က 
နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမယ်ဆိုတော့ 
တုန်လှုပ်နေခဲ့တာကိုမင်းသိမှသိပါလေစ။ 
ငါ့ကိုခွှင့်လွှတ်ပါ... 
ငါမင်းကိုဘယ်တော့မှနှုတ်မဆက်ဘူး။ 
သွားမှာသာသွားပါ 
မင်းစိတ်ချလက်ချသွားပါ 
မင်းကျောခိုင်းခဲ့တဲ့အရပ်ကနေ 
မင်းကျောပြင်ကိုငေးရင်း 
ငါမင်းအတွက်ဆုတောင်းပေးနေမယ်။ 
မင်းခြေချတဲ့အရပ်မှာ 
မင်းခြေထောက်ကိုအောင်မြင်မှု့တွေကညင်သာစွာနမ်းရှိုက်ပါစေ.. 
အောင်မြင်မှု့တွေက ထွေးပွေ့နှုတ်ဆက်နေပါစေ 
အောင်မြင်မှု့တွေက သီးပွင့်ဝေဆာနေပါစေ... 
တစ်စုံတစ်ရာက မင်းအတွက်ကံကောင်းခြင်းတံခါးကို 
အဆင်သင့်ကြိုဖွင့်ထားပါစေ... 
အဲ့ဒီလိုနဲ့ငါတို့ 
ပြောလက်စစကားတွေမကုန်ခမ်းခင် 
ရေးလက်စ စာကြောင်းတွေမဆုံးခင်။ 
လိုက်ကာက ကျလုပြီ 
ဆည်းဆာကခမ်းလုပြီ.. 
မင်းကျောခိုင်းမဲ့ဟော့ဒီအရပ်မှာ 
မင်းအတွက် ဆုတောင်းပေးနေမဲ့သူငယ်ချင်းများစွာ 
မင်းကိုစိတ်ချလိုက်ပါရစေဆိုတဲ့ 
အကြင်နာမျက်ဝန်းပေါင်းများစွာ။ 
သူငယ်ချင်းရေ….. 
မင်းကိုငါ နှုတ်မဆက်တော့ဘူး။ 
ငါတို့တွေပြန်ဆုံမဲ့တစ်နေ့မှာ 
ငါတို့တွေ အောင်မြင်မှု့တွေနဲ့သီးပွင့်ဝေဆာရင်း 
အပြုံးတွေဖလှယ်။ 
မင်းကိုငါဘယ်လောက်လွမ်းကြောင်း 
ငါ့ကိုမင်းဘယ်လောက်သတိရကြောင်း 
အဲ့ဒီလိုပေါင်းခံရင်း... 
ပခုံးချင်းဖက်ရင်း 
လက်ဆွဲနှုတ်ဆက်ရင်း အမိမြေရဲ့ရှင်းသန့်တဲ့လေကို 
မင်းနဲ့အတူတူ 
တစ်ဝကြီးရှုရှိုက်ကြပါဦးမယ်။ 
ငါ …… 
နှုတ်မဆက်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ။ 
Saturday, 26 September 2015
အတူဆုံ​တွေ့မယ့်​ ​နေ့
ငွေနှင်းမှုံ နေခြည်သိုင်းလို့ ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့် ဟန်ချီ
မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့
ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်
အရမ်းလွမ်းလှပြီ ဒီအသဲပန်းကို တိတ်တိတ်လေးခူးဆွတ်သွားသူရယ်
ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်
မျှော်သာမျှော်လျှက်အခေါ်ခက်ပြန် နှုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့
လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို အမှာပါးခဲ့ပါ့မယ်
ကိုယ့်အချစ်တွေ သဇင်ရနံတို့နဲ့အတူ မင်းရင်ထဲခိုနားခွင့်ပြုပါ ချစ်သူ
အင်တာနက်အချစ်နတ် ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ
အစွဲလမ်းတွေပို လွမ်းရနံ့တွေဝေနေလေတော့ နေ့နေ့ညညမေ့မရခဲ့ဘူး
မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ
ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ
ကဗျာလေးတွေရွက်ဆို အတူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း
 ဒို့ လွမ်းနေတယ်ချစ်သူရယ်.....။
အောင်​မြင်​​သော လူဟု ​ခေါ်ဆိုအပ်​​သော လူ
ရည်မှန်းချက်ထားပါ။
အိပ်မက်ကြီးကြီးမက်ပါ။
ရည်ရွယ်ချက်ကြီးကြီးထားပါ။
အလုပ်မှန်သမျှစူးစမ်းလေ့လာပါ။
စနစ်တကျလုပ်ဆောင်ပါ။
စိတ်ရှည်ပါ။
သည်းခံပါ။
ဇွဲရှိပါ။
အလုပ်တစ်ခုကို အာရုံစူးစိုက်၍ ရေရှည်လုပ်ကိုင်ပါ။
လူတန်းစားမရွှေး ဖော်ရွှေစွာ ပေါင်းသင်းဆက်ဆံပါ။
အချိန်ကို တန်ဖိုးရှိစွာ အသုံးချကုန်လွန်ပါစေ။
အချိန်ကို  အကျိုးမဲ့ အချီးအနှီး မကုန်လွန်ပါစေနှင့်
အချိန်ပိုနေသည်  ထင်ပါက အတတ်ပညာ တစ်ခုခုကို  သင်ယူပါ။
အချိန်ပိုနေသည်  ထင်ပါက  အသိပညာ  တစ်ခုခုကို  လေ့လာပါ။
ယခု ရှိသောအချိန်ကို တန်ဖိုးရှိစွာ  အသုံးချတတ်ပါစေ။
ကုန်လွန်သွားသော အချိန်ကိုပြန်ယူ၍ မရနိုင်သလို  မရောက်သေးသော  အချိန်ကို
မမျှော်မှန်းပါနှင့် လက်ရှိအချိန်သည်  သင့်အတွက်  အဖိုးတန်ဆုံး  အချိန်ဖြစ်သည်။
ယခု ရှိနေသောအချိန်သည် သင့်အတွက် တန်ဖိုးရှိသောအချိန်ဖြစ်၍
တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။
အလုပ် လုပ်နေသော သူသည် အမှားမကင်းနိုင်ပါ။
မည်သည့်အလုပ်မျှ  မလုပ်သောသူသည်  မည်သည့်အမှားမျှ  မရှိနိုင်ပါ။
အခက်အခဲမှန်သမျှ  ကြုံတွေ့လာလျှင် စိတ်ဓါတ်မကျပဲ ကြံကြံခိုင်  ရင်ဆိုင်နိုင်မှ
လောကတွင် အောင်မြင်နိုင်သည်။
မည်သည့်  အခက်အခဲမဆို ကျော်လွှား  ဖြတ်သန်းနိုင်အောင်ကြိုးစားပါ။
သူတပါးကို အပြစ်ပြောဆိုခြင်းကို တတ်နိုင်သမျှရှောင်ပါ။
မိမိကိုယ်ကိုသာ ဝေဖန်စမ်းစစ်ပါ။
အလုပ် လုပ်နေသောသူကို  အလုပ် မလုပ်သော သူကပြစ်တင်  ဝေဖန်တတ်ပါသည်။
မိမိကောင်းကျိုးကိုရှေ့ရှု ဆောင်ရွက်တတ်သလို ..လောက၊ သူတပါး၏
ကောင်းကျိုးကိုလည်း ဆောင်ရွက်ပါ။
တစ်နေ့တာပြုမူဆောင်ရွက်  ပြောဆို လုပ်ကိုင်ချက်များသည်  မိမိအကျိုး  သူတပါးအကျိုး
သံသရာအကျိုး ရရှိမှသာ လူဘ၀တွင်လူဖြစ်ရကျိုးနပ်၍  အောင်မြင်သော
လူသားတစ်ဦးဖြစ်နိုင်သည်။
မိမိ အတ္တသာရှေ့ရှု၍   မိမိကောင်းကျိုးသာ သိသောသူသည် ကျင့်သောသူသည်  စည်းစိမ်ဥစ္စာ
မည်မျှရှိနေစေ  ရာထူးဂုဏ်ထူး မည်မျှရှိနေစေ    ပညာမည်မျှတတ်နေစေ ထိုသူသည်
လောကတွင် တစ်ခဏ တစ်ဘ၀သာ အောင်မြင်သည့်သူဖြစ်သည်။
နောင်သံသရာ  ယ္ခုဘ၀   လူသားစင်စစ်ဧကံ ဖြစ်နေသော်လည်း  လူဖြစ်ရှုံးနေသော
လူသား တစ်ဦးသာဖြစ်မည် ။
ထိုသို့သောလူအား  အောင်မြင်သည်ဟု  မမြင်ထိုက်ပါ။
လူသားအခြင်းခြင်း  ကူညီစောင့်ရှောက် ဖေးမကြင်နာ  သနားငဲ့ငြာတတ်မှသာ
သင်သည်  လူ့ဘ၀တွင်  လူဖြစ်ရကျိုးနပ်၍   အောင်မြင်သောလူသားစင်စစ်
ဧကံဖြစ်ပေလိမ့်မည်။
အောင်မြင်သောလုပ်ရပ်ကို  လုပ်ဆောင်ပြုမူနေသော  ထူးချွန်ထက်မြက်သည့်
 လူဟုခေါ်ဆိုအပ်သော  လူဖြစ်ပေလိမ့်မည်။
သင်သည်တစ်နေ့ တစ်ချိန်တွင် မုချအောင်မြင်နိုင်ပါသည်။
အောင်မြင်မှုသည်  သင်၏ လက်တစ်ကမ်းမှာ ရှိသည်။
ကိလေသာတဏှာ  ကမ္ဘာ
အတ္တ  မိုးလောက်
မာန  တံခွန်ထူ
လောဘ  တောင်တန်း
ဒေါသ   လျှပ်စီးလက်
သောက  မြစ်ပြင်ကျယ်
သမုဒ္ဒရာ  လှေငယ်တစ်စီးပေါ်မှာ
သံယောဇဉ်   လူသားတစ်ဦး
မေတ္တာ  တရား
လက်မှာ  ကိုင်၍
ဘ၀ ကိုလှော်ခတ်နေတယ်။
Tuesday, 8 September 2015
စကားပုံများ
He who lives without discipline die without honour.    Icelandic proverb
စည်းစနစ်နဲ့ မနေသူဟာ ဂုဏ်သိက္ခာနဲ့မသေရဘူး .... အိုက်စလင်း စကားပုံ
God gives every bird his worm, but he doesn`t thrown it into the nest.    Swedish proverb
ဘုရားသခင်က ငှက်တိုင်းအတွက် စားစရာပိုးကောင်ဖန်ဆင်းပေးထားပေမယ့် အသိုက်ထဲထိတော့ ထည့်မပေးဘူး .... ဆွီဒင် စကားပုံ
Many things grow in the garden tnen the gardener sows.    Spanish proverb
ဘယ်ဥယျာဉ်မဆို ဥယျာမှုး မစိုက်တဲ့ အပင်လဲ ရှိမှာပဲ .... စပိန် စကားပုံ
When the wine is in, the wit is out. English proverb
" ၀ိုင် " ၀င်သွားရင် အသိတရားကထွက်သွားတယ် .... အင်္ဂလိပ် စကားပုံ
Ingnorance doesn`t kill you, but it makes you sweat a lot.   Haitian proverb
မင်းရဲ့ မသိနားမလည်မှုက မင်းကိုမသေစေနိုင်ပေမယ့် ချွေးတော့ပြန်သွားစေတယ် .... ဟေတီ စကားပုံ
Only a fool tests the depth of the water with both feet.   African proverb
ရေဘယ်လောက် နက်သလဲ ဆိုတာကို ခြေနှစ်ချောင်း စလုံးနဲ့စမ်းတဲ့သူဟာ လုမိုက်ပဲ .... အာဖရိက စကားပုံ
When eating fruit, think of the person who planted the tree.   Vietnamese proverb
အသီးအနှံစားရတဲ့ အခါတိုင်း စိုက်တဲ့ သူကိုသတိရပါ .... ဗီယက်နမ် စကားပုံ
A half truth is a whole lie.    Yiddish proverb
တ၀က်ပဲ မှန်ရင် လုံးလုံးမှားတာပဲ ..... ရဟူဒီ စကားပုံ
The reputation of a thousand years may be determined by the conduct of one hour.    Japanese proverb
နှစ်ပေါင်းထောင်နဲ့ချီထိန်းသိမ်းလာတဲ့ ဂုဏ်သတင်းဟာ တနာရီ အတွင်းအပြုအမူကြောင့် ဆုံးဖြတ်ခံရနိုင်တယ် ... ဂျပန် စကားပံ
the harder you fall, the higher you bounce.    American proverb
ခပ်ပြင်းပြင်းလဲ လေမြင့်မြင့် ပြန်တက်လေပဲ ... အမေရိကန် စကားပုံ
Dig the well before you are thirsty.    Chinese proverb
ရေမငတ်ခင် ရေတွင်းပြီးနေရမယ် ... တရုတ် စကားပုံ
Once the game is over, the king and the pawn return to the same box.    Italian proverb
ကစာပွဲပြီးတာနဲ့ ဘုရင်ရော ပွန်းရော ဘူတစ်ဘူးထဲ ပြန်ရောက်ရတာပဲ ... အီတလီ စကားပုံ
A good laugh and a long sleep are the two best cures.    Irich proverb
ကောင်းကောင်း ရယ်မောခြင်းနဲ့ ကြာကြာအိပ်စက်ခြင်းက အကောင်းဆုံး ကုထုံးပဲ .... အိုင်းရစ် စကားပုံ
Well begun is half done.    Greek proverb
အစ ကောင်းရင် အလုပ်တ၀က်ပြီးပြီးသား ... ဂရိ စကားပုံ
Man has two ears and one mouth, since he should listen more than he speak.    Danish proverb
လူကနားနှစ်ဘက်နဲ့ ပါးစပ်တစ်ပေါက်ပဲ ပါလို့ စကားများများ ပြောတာထက် နားထောင်တာ ပိုလုပ်သင့်တယ် ... ဒိန်းမတ် စကားပုံ
Even a small star shines in the darkness.    Finnish proverb
အသေးဆုံးကြယ်က အမှောင်ထဲမှာတော့ လင်းတာပဲ ... ဖင်လန် စကားပုံ
He who cannot dance puts the blame on the floor.    Hindi proverb
မကတတ်တဲ့သူကကြမ်းပြင် ကိုအပြစ်တင်တယ် ... ဟိန္ဒူ စကားပုံ
စကားပုံ
1.Work as a slave and eat as a lord.
ကျွန်တစ်ယောက်ကဲ့သို့ အလုပ်လုပ်ပါ၊ သခင်တစ်ယောက်ကဲ့သို့ သုံးဆောင်ပါ။
Albanian proverb အယ်ဘေးနီးယန်း စကားပုံ
2. He feeds hen with one hand and takes her egg with other.
သူ့ လက်တစ်ဖက်က အစာကြွေးပြီး နောက်လက်တစ်ဖက်က ကြက်ဥ ကိုယူတယ်။
Armenian proverb အယ်မေးနီးယန်း စကားပုံ
3. Who sees his own mistakes has no time to consider those of others.
ကိုယ့်အမှားကို ကိုယ်မြင်တဲ့သူက သူတပါးတွေရဲ့ အမှားတွေကိုထည့်စဉ်းစားနေဖို့ အချိန်မရှိဘူး။
Bosnian proverb ဘော့စနီးယန်း စကားပုံ
4. Compare with superiors, I have less; compare with inferiors, I have more.
အတော်ဆုံးတွေနှင့် ယှဉ်ရင် ငါ့မှာ နည်းနည်းဘဲရှိတယ်၊ ခပ်ညံ့ညံ့တွေနှင့် ယှဉ်ရင်တော့ ငါ့မှာသူတို့ ထက်ပိုများတယ်။
Chinese proverb တရုတ်စကားပုံ
5. You have to suffer smoke in order to keep warm.
မီးလှူံရင်တော့ မီးခိုးစပ်တာခံရမှာဘဲ။
Czech proverb ချပ်စ် စကားပုံ
6. No answer is also an answer.
ဆိပ်ဆိပ်နေခြင်းသည် ၀န်ခံခြင်းမည်၏။
Danish proverb ဒန်းနစ် စကားပုံ
7. Promises make debts, and debts make promises.
ဂတိ တွေက အကြွေးတွေကို ဖြစ်စေ ပြီးတော့ အကြွေးတွေက ဂတိတွေကိုဖြစ်စေပြန်တယ်။
Dutch proverb ဒပ်ခ်ျပ် စကားပုံ
8. He that makes himself a sheep shall be eaten by the wolf.
ကိုယ့်ကို ကိုယ် သိုးငယ်လေး လုပ်တဲ့သူ က၀ံပုလွေစားတာကို ခံရလိမ့်မယ်။
English proverb အင်္ဂလိပ် စကားပုံ
9. The mouth is the interpreter of the heart.
နှုတ်ဆိုတာ နှလုံးသားရဲ့ စကားပြန်ဘဲ။
Estonian proverb အီစတိုးနီယန်း စကားပုံ
10. Hunger looks in at the industrious man’s door but does not enter.
ဆာလောင်ခြင်းက အလုပ်ကိုကြိုးစားလုပ်နေသူကိုချောင်းကြည့် ပေမယ့်မ၀င်ရောက်ပေ။
French proverb ပြင်သစ် စကားပုံ
11. He who has three enemies must agree with two.
ရန်သူ သုံးယောက်ရှိတဲ့သူ က နှစ်ယောက်နှင့်သဘောတူညီမှူရယူထားရမယ်။
German proverb ဂျာမန် စကားပုံ
12. What becomes a habit does not change easily.
အကျင့်တစ်ခု ဖြစ်လာပြီဆိုရင်တော့ လွယ်လွယ်နှင့်မပြင်နိုင်တော့ပေ။
Greek proverb ဂရိ စကားပုံ
13. Don’t say,” I will do it when I have time” for who tells you that you will have time?
ငါ့မှာ အချိန်ရရင်လုပ်မယ် လို့ မပြောပါနှင့်၊ အချိန်ရမယ်လို့ သင့်ကိုဘယ်သူကပြောသလဲ။
Hebrew proverb ဟီဘယူး စကားပုံ
14. If you give, give easily; if you accept, accept cheerfully.
သင့်မှာ ပေးစရာရှိရင် လွယ်လွယ်ကူကူ ပေးလိုက်ပါ၊ လက်ခံစရာ ရှိရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ။
Hungarian proverb ဟန်ဂေရီယန်း စကားပုံ
15. The grass suffers in the fight of the tiger and buffalo.
ကျွှဲနှစ်ကောင်ခတ် ရာ မြေဇာပင် ခံရ။
Indian{bihar} proverb အိန္ဒိယ စကားပုံ
16. Grief and joy are revolving wheel.
သုခနှင့်ဒုက္ခ ဟာ တလှည့်စီပါ။
Indian{tamil} proverb အိန္ဒိယ{တမီလ်း} စကားပုံ
17. Let not your tongue cut your throat.
သင့်ရဲ့ လျှာက သင့်လည်ပင်းကိုမဖြတ်ပါစေနှင့်။
Irish proverb အိုင်းရစ် စကားပုံ
18. Hear, see and say nothing if you would live in peace.
ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် မြင်သမျှ၊ ကြားသမျှကို မပြောပါနှင့်။
Italian proverb အီတလီ စကားပုံ
19. Go ahead of others, and you will have the upper hand of them.
သူများတကာ ထက်စောစောသွားပါ( အရင်လုပ်ပါ) သူများထက် ပိုတဲ့အခွင့်အလမ်းရလိမ့်မယ်။
Japanese proverb ဂျပန် စကားပုံ
20. Shrimps get broken backs when whales fight.
ဝေလငါးများ တိုက်ခိုက်သော အခါ ပုဇွန်ဆိတ် များခါးကြိုးရသည်။
Korean proverb ကိုရီးယား စကားပုံ
21. Inquire about the mother before you marry a girl.
သမီးကို မယူခင် အမေကိုအရင်လေ့လာပါ။
Lebanese proverb လဘ်ဖနီးစ် စကားပုံ
22. Trust not a dog’s limp or women’s tears.
ခွေးတစ်ကောင်ခြေကျိုးတာ(ထော့ကျိုးလမ်းလျှောက်တာ)နှင့် မိန်းမတွေရဲ့မျက်ရည် ကိုမယုံပါနှင့်။
Mexican proverb မက်စီကန် စကားပုံ
23. The anger of the prudent never shows.
ပညာရှိ အမျက်အပြင်မထွက်ရာ။
Burmese proverb ဗမာ စကားပုံ
24. To be kind to the wolf is to be cruel to the lamb.
ဝံပုလွေ ကိုကြင်နာတာ သိုးငယ်ကို ရက်စက်တာဘဲ။
Persian proverb ပါရှန်း စကားပုံ
25. Have patience, so that you will succeed.
သည်းခံခြင်း သည် အောင်မြင်ရာ၏။
Philippine proverb ဖိလစ်ပိုင် စကားပုံ
26. He who is without work in the summer is without boots in winter.
နွေမှာ အလုပ်မလုပ်တဲ့သူ ဆောင်းမှာ ဖိနပ် မရှိဖြစ်လိမ့်မည်။
Polish proverb ပိုလန် စကားပုံ
27. He who is well prepared has half won the battle.
ကောင်းမွန်စွာပြင်စင် ထားတဲ့သူသည် စစ်ပွဲ၏တ၀က် ကိုအောင်မြင်ပြီးသားဖြစ်လေသည်။
Portuguese proverb ပေါ်တူဂူ စကားပုံ
28. A foreigner’s pity is like a thorn’s shawdow.
နိင်ငံခြားသား တစ်ယောက်၏ သနားကြင်နာမှူသည် ဆူးတစ်ချောင်း၏ အရိပ်နှင့်တူလေ၏။
Rumanian proverb ရိုမေးနီးယား စကားပုံ
29. Failure teaches you more than success.
ရှံးနိမ့် ခြင်းက အောင်မြင်ခြင်းထက် သင့်ကို ပိုမို သင်ကြားပေးလေ၏။
Russian proverb ရုရှား စကားပုံ
30. Happy is she who marries the son of a dead mother.
ပျော်ရွှင်သော မိန်းမ ဆိုသည်မှာ မိခင်မရှိတော့သော သူကိုယူထားသူကိုဆိုလို၏။
Scottish proverb စကော့တလန် စကားပုံ
31. A secret between two is God’s secret; a secret between three is everybody.
လူနှစ်ဦးသာ သိသောလျှို့ ဝှက်ချက်သည် ဘုရားသခင်၏ လျှို့ ဝှက်ချက်ဖြစ်၍၊ သုံးယောက်သိသော လျှို့ ဝှက်ချက်သည် လူတကာ၏ လျှို့ ဝှက်ချက်ဖြစ်လေ၏။
Spanish proverb စပိန် စကားပုံ
32. Seeing once is better than hearing twice.
တစ်ကြိမ် မြင်ရခြင်းသည် နှစ်ကြိမ် ကြားရခြင်းထက်ကောင်း၏။
Swedish proverb ဆွီဒင် စကားပုံ
33. Snake fears man, man fears snake.
မြွေက လူကိုကြောက်သလို၊ လူကလည်းမြွေကိုကြောက်၏။
Tibetan proverb တိဗက် စကားပုံ
34. When an opportunity is in your hand do not allow it to pass.
အခွင့်အလမ်း သင့်လက်ထဲ ကိုရောက်လာလျှင်လက်လွတ် မခံပါနှင့်။
Turkish proverb တူရကီစကားပုံ
35. When one buys a buffalo one looks at his hoofs, when one marries a woman on looks into her ancestry.
ကျွှဲဝယ်မည့်အခါ ကျွှဲ၏ ခွာကိုကြည့်သကဲ့သို. မိန်းမ ယူမည့်အခါ သူ၏ မျိုးရိုးကို ကြည့်ရာ၏။
Vietnamese proverb ဗီယန်နန် စကားပုံ
36. A wicked tongue is worse than evil hand.
ကောက်ကျစ်သော လျှာသည် ရက်စက်သော လက်ထက် ဆိုးရွား၏။
Yaddish proverb ယီဒင် စကားပုံ