Saturday 13 September 2014

သင်​ အမျိုးသမီး​တွေကို တန်​ဖိုးထားတတ်​ပါသလား

ငါမွေးဖွားလာပြီးနောက်
ယုယကြင်နာစွာပွေ့ဖက်ထိန်းကြောင်းခဲ့တဲ့ အတုမဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်
သူကတော့ ငါ့ အမေ ပဲပေါ့။
ငါလူငယ်လေးဘဝအရွယ်မှာ
ဂရုစိုက်ပြီး ငါ့အလိုလိုက်ဆော့ကစားပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။
သူကတော့ ငါ့ အမ ပဲပေါ့။
ငါကျောင်းတက်တဲ့ အရွယ်မှာ
ငါ့ကို ပညာတတ်ကြီးဖြစ်လာအောင် သင်ကြားပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။
သူကတော့  ငါ့ ဆရာမ ပဲပေါ့။
ငါကျရှုံးမှုတွေနဲ့ ဆုံးရှုံးနေချိန်မှာ
အားပေးနှစ်သိမ့်ရင်း ပခုံးတစ်ဖက် ငှားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။
သူကတော့  ငါ့ သူငယ်ချင်းတစ်ယောက်ပေါ့။
ငါ့ဘဝအတွက်လိုက်ဖက်ညီတဲ့ဘဝလက်တွဲဖော်ချစ်သူတစ်ယောက် လိုအပ်တဲ့အချိန်မှာ
အပြည့်စုံဆုံးအမျိုးသမီးတစ်ယောက် ငါ့နံဘေးနားထာဝရအတွက်ရောက်လာခဲ့တယ်။
သူကတော့ ငါ့ ချစ်ဇနီး လေးပဲပေါ့။
ဒေါသ၊ မောဟ မီးတွေ ငါတောက်လောင်နေစဉ်မှာ
ငါ့ရင်ကိုငြိမ်းအေးစေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရောက်ရှိလာတယ်။
သူကတော့ ငါ့ ချစ်သမီး လေးပဲပေါ့။
ပြီးတော့ ငါများသေခဲ့ရင်လေ
ငါ့ခန္ဓ္ဓ္ဓ္ဓာကိုယ်ကို စုပ်ယူပြီး ကမ္ဘာမြေကြီးကိုအကျိုးပြုမယ့် အမျိုးသမီးကြီးတစ်ယောက်ရှိသေးတယ်။
သူကတော့ အမိ နိုင်ငံတော်ကြီးပဲပေါ့။

ဒီစာဖတ်နေတဲ့ သင်ဟာ အမျိုးသားတစ်ယောက်ဖြစ်ခဲ့ရင်
အမျိုးသမီးတိုင်းကို တန်ဖိုးထား လေးစားနိုင်ကြပါစေ။
သို့မဟုတ်

သင်ဟာအမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ရင်တော့
ဒီစာလေးတွေအတိုင်း ကျင့်ကြံနေထိုင်ရင်း ဂုဏ်ယူနိုင်ကြပါစေ

       #####

No comments:

Post a Comment