Sunday 14 September 2014

သင့်​ကို နံနက်​ခင်းထဲက ထွက်​ခွင့်​ မပြုနိုင်​ဘူး

ဟောဟို့က
ရွှေသားရွေရောင်နဲ့
ဘယ်တော့မှ တိမ်ဆိုင်မဖုံးတဲ့
လူဝင်စားကြယ်တစ်စင်းက.
မင်းဖေဖေပေါ့.

သူ့ကိုယ်သူ
ဘယ်တန်ကြေးတပ်ရမှန်းမသိတဲ့
ကျောက်မျက်လည်ရွဲလို..
သူ့ပရိတ်သတ်ရဲ့ လည်တိုင်မှာ..
တဖျတ်ဖျတ်လင်းပခဲ့တယ်

သူက စကားလုံးတွေကို..
သူ့ မှော်အတတ်နဲ့ ပြုစားကျုံးသွင်းပြီး..
အဲဒီ့စကားလုံးတွေနဲ့
လူတွေကို ညှို့ ပစ်ခဲ့တာ..

သူက ပန်းဝတ်မှုန်ချင်းထိမိခိုက်မိတာက အစ
အိုဇုန်းလွှာအပေါက်အပြဲကို.ဖာချင်ထေးချင်တာအဆုံး..
ရင်ဘတ်နဲ့တစ်လုံး
ခံစားတတ်သူပေါ့

သူက သူ့နှလုံးအိမ်ရဲ့ထောင့်စွန်းမှာ..
ဆိတ်ဖလူးပန်းရဲ့ရနံ့တွေကို...
တယုတယပျိုးထောင် ထိန်းကျောင်းခဲ့တယ်

ပညာရှိတွေဟာ..သတိဖြစ်ခဲကြသတဲ့..
တစ်ခါတစ်ခါ မင်းဖေဖေဟာ..
ငါတို့တန်ဘိုးထားမိသလောက်..
သူ့ကိုယ်သူတိုက်ရိုက်အချိုးနဲ့ မေ့ခဲ့လျော့ခဲ့ထင်ပါရဲ့....

ငါတို့သူကို စိတ်ဆိုးနေကြတာ...
ဒီအသက်အရွယ်မှာ
သေခြင်းတရားက သူနဲ့ဘာဆိုင်သေးလဲကွာ...

ဟုတ်တယ်..

ငါတို့..
သူ့ကို
နံနက်ခင်းထဲက ထွက်ခွင့်မပေးနိုင်ဘူး

           @@@@@

အိန္ဒြာ

No comments:

Post a Comment