Friday 5 September 2014

နှလုံးသား ရှိုက်​သံ၏ ဆု​တောင်း

ရင်​ဘတ်​ထဲ တစ်​ဆစ်​ဆစ်​ နာကျင်​ရင်း
ကျောခိုင်းလှည့်​အထွက်​မှာ
ဝေ့ဝဲလာတဲ့မျက်ရည်စတွေ
ဒါဟာ ငါ့ရင်ထဲကအချစ်တွေပါ
ဒါတွေကို
မင်းမမြင်အောင်
ကွယ်​ဝှက်​ရင်း

ကျန်ခဲ့ရတဲ့ဘ၀မှာ
မင်း​ရှေ့ ဒူး​ထောက်​ပြီး
ဘယ်တော့မှ အသနားမခံဘူး

ကွဲအက်ရာ စွန်းထင်းခဲ့တဲ့
အ​ကြေအမွှ
နှလုံးသားနဲ့ အဖြူစင်ဆုံး
ငါ ဆုတောင်းပေးမယ်

          မင်းပျော်ပါစေနော်

              @@@@@

No comments:

Post a Comment