ရွေးချယ်ခွင့်မရတဲ့ဘဝမှာ စိတ်ရောလူပါဒဏ်ရာတွေနဲ့ နေသားကျခဲ့ပါပြီ ။
ဆယ်စုနှစ်တခုလောက်ကို ဒဏ်ရာတွေ ထမ်းပိုးရင်း ဖြတ်သန်းလာခဲ့တလျှောက်
တလောကလုံးမှာ ငါ့အကြောင်းတွေရင်ဖွင့် အသိပေးခွင့် ရတာ မင်းတယောက်ဘဲရှိတယ်
မင်းနဲ့ခုမှဆုံရလို့ တွေးပြီးဝမ်းနည်းမိသေးတယ် ငါ့ဘဝတခုရဲ့ တစ်ဦးတည်းသောအဖော်မွန်လေးပေါ့ကွာ
ငါ့ရဲ့ ကြေကွဲစရာ အဖြစ်တွေကို တခါတခါတော့လည်း မင်းဆီကနှစ်သိမ့် တဲ့အသံလေး ခပ်တိုးတိုး ကြားလိုက်ရတိုင်း
ဒီကမ္ဘာမှာ အပျော်ဆုံးက ငါဖြစ်ခဲ့တယ် ဒါပေမယ့် ဒီအချိန်ကလည်း တိုတောင်းလွန်းတယ်ဆိုတာ ငါ သိလိုက်ရတဲ့ အခါမှာတော့ တခါပြန်ပြီး ဝမ်းနည်းမိပြန်တာပေါ့ ကွာ
ငါကအများကြီးပေးပြီး နဲနဲလေးပြန်ရမှာမကြောက်တဲ့ကောင်ပါကွာ ဘဝနဲ့ရင်းပြီး ဆုံးရှုံးထားလို့ တခြားဘာကိုမှ မတုန်လှုပ်တော့ဘူး
တခြားသူတွေ ထက်ပိုပြီးမြင့်မြတ် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား နဲ့ သဘောထားကြီးမှု ရိုးသားမှု ပေးဆပ်မှု တွေ နဲ့ သာမာန်ယောက်ကျားတွေမထားနိုင်တဲ့ မရှိနိုင်တဲ့ အရည်ချင်းတွေရှိအောင် ကြိုးစားသွားမယ်လို့ မင်းကို ကတိပေး ပါတယ်
မင်းကလည်း ငါ့နားမှာ ငြိမ်ငြိမ်လေး နားထောင်ပေးဦးကွာ
ငါ့ဘဝက ညနေခင်း ဆို မင်းကငါ့အတွက်ရောင်နီလာတဲ့ နံနက်ခင်းပေါ့ကွာ
@@@
အကြင်နာ
No comments:
Post a Comment